ညောင်ဦးမြို့နယ် တက်မကျေးရွာ အနီးရေနံစိမ်းသိုလှောင်ရုံမီးလောင်မှုဖြစ်ပွား - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ညောင်ဦးမြို့နယ် တက်မကျေးရွာ အနီးရေနံစိမ်းသိုလှောင်ရုံမီးလောင်မှုဖြစ်ပွား




MNP ၊  ဧပြီ ၁၁

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ် တက်မကျေးရွာအနီး ယမန်နေ့ညနေ ၃ နာရီအချိန်က ရေနံစိမ်းသိုလှောင်ရုံမီးလောင်မှုဖြစ်ပွားခဲ့ကြောင်း ညောင်ဦးမြို့ နယ်မီးသတ်ဦးစီးမှူး ဦးကျော်မင်းသူထံကသိရသည်။


မီးလောင်မှုဖြစ်ပွားရာသို့ ညောင်ဦးခရိုင်မီးသတ်ဦးစီးမှုး ဦးထက်အောင်ဦးဆောင်သော မီးသတ်တပ်ဖွဲ့ဝင်(၁၂)ဦး၊ မီးငြိမ်းသတ်ယာဉ်(၁)စီး၊ရေသယ်ယာဉ်(၁)စီး၊ ညောင်ဦးမြို့နယ်မီးသတ်စခန်းမှ မြို့နယ်မီးသတ်ဦးစီးမှူး ဦးကျော်မင်းသူနှင့်မီးသတ်တပ်ဖွဲ့ဝင်(၈)ဦး၊ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ တောင်ဇင်းနယ်မြေစခန်းမှ စခန်းတာဝန်ခံ ဦးဆောင်သော မီးသတ်မီးသတ်တပ်ဖွဲ့ဝင်(၅)ဦး၊ ရေသယ်ယာဉ်(၁)စီး၊ စဉ့်ကူအရန်မီးသတ်မှ(၄)ဦး၊ တက်မ ကျေးရွာအရန်မီးသတ်(၆)ဦးတို့ဖြင့် မီးငြှိမ်းသတ်ခဲ့ကြောင်း သိရသည်။


မီးလောင်မှုဖြစ်စဉ်မှာ ဧပြီ  ၁၀ ရက်၊ နေ့ခင်း ၂ နာရီ ၅၅ မိနစ်အချိန်ခန့်တွင် တက်မကျေးရွာအုပ်စု၊ တက်မကျေးရွာတွင် ဆီတိုင်ကီအပေါက်များ ဖာတေးရာတွင် အသုံးပြုရန်အတွက် ဆပ်ပြာဆီကျိုချက်ထားသည့် မီးဖိုမီးကြွင်းမီးကျန်မှ တဆင့်(၁၀)ပေပတ်လည်ရှိ ထန်းရွက်မိုး၊ထန်းလက်ကာ လူစောင့်မြေစိုက်တဲ၏ ထန်းလက်အကာသို့ မီးစတင်ကူး စက်လောင်ကျွမ်းရာမှတဆင့် ကပ်လျက်ရှိ ရေနံပီပါများထားရှိသော အဆောက်အဦအား မီးကူးစက်လောင်ကျွမ်းခဲ့ခြင်းဖြစ်ပြီး၊ (၁၀)ပေပတ်လည် သွပ်မိုး၊ သွပ်ကာကွန်ကရစ်ခင်း ရေနံစိမ်းပီပါများထားရှိသည့် အဆောက်အဦ(၁)လုံးနှင့် ရေနံစိမ်းလက်လီကောက်သောခြံအတွင်းရှိ ရေနံစိမ်းပီပါ(၈)လုံးအနက်မှ (၆)လုံးလောင်ကျွမ်း ဆုံးရှုံးခဲ့ကြောင်းသိရကာ လူ၊ တိရစ္ဆာန်နှင့်အခြားပစ္စည်းများ ထိခိုက်ဆုံးရှုံးခဲ့ခြင်းမရှိကြောင်း သိရသည်။


ဒီပါလင်း

 https://t.me/MyanmarNationalPost




No comments:

Post a Comment