MNP ၊ ဧပြီ ၂၈
မွန်ပြည်နယ် ပေါင်မြို့နယ်၌ ပူပြင်းခြောက်သွေ့ပြီးနွေရာသီတွင် ကျေးရွာ/ ရပ်ကွက်များရှိပြည်သူများ သောက်သုံးရေပြတ်လပ်မှုမရှိစေရေးအတွက် ရည်ရွယ်ပြီး မွန်ပြည်နယ် မီးသတ်ဦးစီးဌာနမှ လမ်းညွှန်မှုဖြင့် ရပ်ကွက်များရှိရေလှောင်ကန်နှင့်နေအိမ်များသို့ သောက်သုံးရေများ အခမဲ့ သွားရောက် ဖြန့်ဝေပေးခြင်းကို ယနေ့ နေ့ နံနက်ပိုင်းက ပေါင်မြို့နယ်အတွင်း တောင်ပိုင်းရပ်ကွက်သို့ သွားရောက်ဖြန့်ဝေပေးခဲ့သည်။
အဆိုပါ သောက်သုံးရေများအခမဲ့ဖြန့်ဝေပေးခြင်းကို မွန်ပြည်နယ်မီးသတ်ဦးစီးဌာန ၏ ကြီးကြပ်လမ်းညွှန်မှုဖြင့်
မြို့နယ်မီးသတ်ဦးစီးဌာနမှ ဦးစီးအရာရှိ ဦးမြတ်ကိုကို နှင့်ဝန်ထမ်းများကရေဂါလံ (၁၆၀၀)ကို တောင်ပိုင်းရှိရေလှောင်ကန်နှင့် နေအိမ်များသို့အိမ်တိုင်ရာရောက် အခမဲ့ဖြန့်ဝေ ပေးခဲ့ကြောင်းနှင့်ရေရှားပါးသော အခြားကျေးရွာ/ ရပ်ကွက်များသို့လည်း ဆက်လက်အခမဲ့ဖြန့်ဝေ ပေးသွားမည်ဖြစ်ကြောင်း မြို့နယ်မီးသတ်ဦးစီးဌာနမှသိရသည်။
https://t.me/MyanmarNationalPost



No comments:
Post a Comment