ကဆုန်လပြည့် (ဗုဒ္ဓနေ့)တွင် ကဆုန်ညောင်ရေသွန်း ပွဲတော် စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေး ညှိနှိုင်းအစည်းအဝေး ကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

ကဆုန်လပြည့် (ဗုဒ္ဓနေ့)တွင် ကဆုန်ညောင်ရေသွန်း ပွဲတော် စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေး ညှိနှိုင်းအစည်းအဝေး ကျင်းပ




MNP ၊  ဧပြီ ၂၈

 ၁၃၈၅ခုနှစ်၊ ကဆုန်လပြည့်(ဗုဒ္ဓနေ့) ဖြစ်သည့် နေ့ထူးနေ့မြတ်တွင် မြန်မာ့ ရိုးရာယဉ်ကျေးမှု အစဉ်အလာမပျက် နှစ်စဉ်ကျင်းပမြဲဖြစ်သည့် ကဆုန် ညောင်ရေသွန်းပွဲတော်ကို အောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ရေးအတွက် လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ဝါရီရူ အစည်းအဝေးခန်းမ၌ ယနေ့ နံနက်(၁၀)နာရီက ကျင်းပပြုလုပ်ခဲ့သည်။


ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌဦးထင်လင်းအောင် က အဖွင့် အမှာစကားပြောကြားရာတွင် ကဆုန် လပြည့်(ဗုဒ္ဓနေ့)ဖြစ်သည့် နေ့ထူး နေ့မြတ် တွင် ကျိုက်ပေါင်းစေတီအတွင်းရှိမြတ်ဗုဒ္ဓ ၏ မျက်နှာတော်အား ရေသပ္ပာယ်ခြင်း၊ အမွှေးနံ့သာများဆက်ကပ်ခြင်း၊ မျက်နှာတော်ကို ရောင်တော်ဖွင့်ခြင်း၊ ဆွမ်းဆန်စိမ်းလောင်းလှူခြင်းနှင့် မြန်မာ့ရိုးရာယဉ်ကျေးမှု အစဉ်အလာ မပျက် နှစ်စဉ်ကျင်းပမြဲဖြစ်သည့် ကဆုန်ညောင်ရေသွန်းပွဲတော်တို့ကို  စည်ကား သိုက်မြိုက်စွာ ကျင်းပနိုင်ရေး အတွက် ကော်မတီ၀င်များအားလုံးက ဝိုင်း၀န်းကူညီ ဆောင်ရွက်ပေးကြရန် ပြောကြားခဲ့ပြီး ဌာန ဆိုင်ရာ တာ၀န်ရှိသူများ ကော်မတီ၀င် များက ကဆုန်ညောင်ရေသွန်းပွဲတော် ကိုကျိုက်ပေါင်းဆံတော်ရှင် ရှိ မဟာဗောဓိညောင်ပင်တွင်ညောင်ရေ သွန်းလောင်းဆောင်ရွက်ခြင်းအပြင် စတုဒီသာများဧည့်ခံကျွေးမွေးသွားမည်ဖြစ်ပါကြောင်းနှင့် ကဆုန်လပြည့်နေ့တွင်လည်း ထန်းပင်ချောင်ကြီးကျေးရွာ ဗောဓိတစ်ထောင်စေတီအပါအဝင် ဇင်းကျိုက်ရပ်ကွက်ရှိဘုရားစေတီနှင့်ပေါင်မြို့နယ်အတွင်းရှိ နေရာများတွင် ညောင်ရေသွန်းပွဲ တော်နှင့် စတုဒီသာများကျွေးမွေးသွားမည်ဖြစ်ကြောင်းသိရသည်။


 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)