ကျိုက်မရောမြို့မဟာစည်သာသနာ့ ရိပ်သာ၌သင်္ကြန်အတွင်းတရားစခန်း၌ တရားစခန်း ဝင်ရောက်သူများပြား - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျိုက်မရောမြို့မဟာစည်သာသနာ့ ရိပ်သာ၌သင်္ကြန်အတွင်းတရားစခန်း၌ တရားစခန်း ဝင်ရောက်သူများပြား




MNP ၊  ဧပြီ ၁၁

 မြန်မာလူ မျိုးတို့၏ နေ့ထူးနေ့မြတ်ဖြစ်သော အတာသင်္ကြန်နှစ်ကူးရုံးပိတ်ရက်ရှည်ကာလတွင် မြို့နယ်အတွင်းရှိ တရားစခန်းများ၌ ယောဂီ ဝတ်သူ၊သီလရှင်ဝတ်သူ၊ တရားကျင်ကြံ အားထုတ်သူများပြားလျက်ရှိပြီး အတ္တရံရပ်ကွက်ရှိ မဟာစည်သာသနာ့ရိပ်သာကြီး၌  တရားစခန်း ဝင်သူများယနေ့နံနက်ပိုင်းတွင် တရားကျင့်ကြံအားထုတ်နေမှုများကိုတွေ့မြင်ခဲ့ရသည်။


အဆိုပါ မဟာစည် သာသနာ့ရိပ်သာ  ဆယ်ငါးရက် တရားစခန်းကို ဧပြီလ ၃ရက်နေ့မှစတင်ကာ တရားစခန်း ဝင်ရောက်လိုသူများအတွက် ဖွင့်လှစ်ပေးထားပြီးသင်္ကြန်အတွင်း တရားစခန်းဝင် ရောက်လိုသည့် ဌာနဆိုင်ရာများအားဧပြီ ၈ ရက်မှစတင်ကာ လာရောက်စခန်းသွင်းလျက်ရှိပြီး  ဧပြီ ၈ ရက်နေ့မှ မြန်မာနှစ်ဆန်း တစ်ရက်နေ့ထိ ဆယ်ရက်တရား စခန်းအဖြစ် ဖွင့်လှစ်ပေးထားကြောင်း သိရသည်။


မဟာစည် သာသနာ့ရိပ်သာတွင် မဟာသင်္ကြန်ရက် တရားစခန်းဝင်ရောင်၍ တရားဘာဝနာ  ကျင့်ကြံအားထုတ်သူ အမျိုးသား ယောဂီ ၁၅ ဦး၊အမျိုးသမီးယောဂီ ၂၅ ဦး၊ သီလရှင် ယောဂီ ၅ ဦးစုစုပေါင်း (၄၅)ဦး တရားစခန်းဝင်ရောက်လျက်ရှိကြောင်း ရိပ်သာမှတာဝန်ရှိသူတစ်ဦး၏ ပြောပြချက်အရ သိရသည်။


 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)