ရန်ကင်းမြို့နယ်တွင် ၁၃၈၄ ခုနှစ်၊ မြန်မာ့ရိုးရာ မဟာသင်္ကြန်ပွဲတော်စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေး ဆောင်ရွက်လျက်ရှိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရန်ကင်းမြို့နယ်တွင် ၁၃၈၄ ခုနှစ်၊ မြန်မာ့ရိုးရာ မဟာသင်္ကြန်ပွဲတော်စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေး ဆောင်ရွက်လျက်ရှိ




MNP ၊  ဧပြီ ၁၁

ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ ရန်ကင်းမြို့နယ်တွင် ၁၃၈၄ ခုနှစ်၊ မြန်မာ့ရိုးရာ မဟာ သင်္ကြန်ပွဲတော် စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေးအတွက် ဧပြီလ ၇ ရက်နေ့၊ နံနက်ပိုင်းမှစ၍ ရန်ကင်းမြို့နယ် အမှတ်(၂) ရပ်ကွက် ရန်အောင်လမ်းသွယ်(၆)လမ်းတွင် ရန်ကင်းပိတောက်  ရေကစား မဏ္ဍပ်အား စတင်ဆောက်လုပ်ခြင်း၊ ရေကစားရန်အတွက် ရေစုကန်များစီစဉ်ခြင်း၊ အန္တရာယ်ရှိနိုင်သည့် လျှပ်စစ်မီးကြိုးများမြှင့်တင်ခြင်း၊ Wifi ကြိုးများရှင်းလင်းခြင်းတို့ကို ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။


 အဆိုပါ ရန်ကင်းပိတောက်ရေကစားမဏ္ဍပ်‌ ဆောက်လုပ်ခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များမှ ဦးဆောင်ပြီး  မြန်မာတို့၏ ရိုးရာယဉ်ကျေးမှု အမွေအနှစ်ဖြစ်သည့် မဟာသင်္ကြန်ပွဲတော်ကို မပျောက်ပျက်အောင် ထိန်းသိမ်းဆောင်ရွက်ရန်နှင့်ပြည်သူများ ပျော်ရွှင်စွာနှင့် စိတ်အေးချမ်းစွာ ရေကစားနိုင်ရေးအတွက် ရန်ကင်းမြို့နယ်တွင် ရေကစား မဏ္ဍပ်များ၊ ဖျော်ဖြေရေးအကမဏ္ဍပ်များ၊ စတုဒိသာမဏ္ဍပ်များဖြင့် ဆောင်ရွက်သွား မည်ဖြစ်ကြောင်း သိရသည်။


ထို့နောက် မြန်မာ့ရိုးရာအတာသင်္ကြန်ပွဲတော်ကို အစဉ်အလာမပျက် ယဉ်ကျေးသိမ်မွေ့စွာဖြင့် ယခင်နှစ်များနှင့်မတူ အမြင်သစ်၊ အတွေးသစ်များဖြင့် ပြည်သူများစိတ်အေးချမ်းသာစွာ ရေကစားနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။


အိရွှေစင်

 https://t.me/MyanmarNationalPost




No comments:

Post a Comment