ကသာခရိုင် လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ မြန်မာ့ရိုးရာအတာသင်္ကြန်ပွဲတော်အကြောင်း စိတ်ကူးပုံဖော်ရေးဆွဲခြင်း ပန်းချီပြိုင်ပွဲပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကသာခရိုင် လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ မြန်မာ့ရိုးရာအတာသင်္ကြန်ပွဲတော်အကြောင်း စိတ်ကူးပုံဖော်ရေးဆွဲခြင်း ပန်းချီပြိုင်ပွဲပြုလုပ်



MNP ၊  ဧပြီ ၁၁

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် မြန်မာ့ရိုးရာ အတာသင်္ကြန်ပွဲတော်အကြောင်း စိတ်ကူးပုံဖော်ရေးဆွဲခြင်း ပန်းချီပြိုင်ပွဲကို ယနေ့နံနက်(၉)နာရီအချိန်က လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။


အဆိုပါ ပြိုင်ပွဲသည် နွေရာသီအခြေခံပန်းချီသင်တန်းသို့ တက်ရောက်နေကြသည့် ကျောင်းသား/ကျောင်းသူလူငယ်များ၏ သင်ကြားလေ့လာမှတ်သားမှုစနစ်ကို ဆန်းစစ်သည့်ပြိုင်ပွဲဖြစ်ကြောင်း၊ သင်တန်းသား/သင်တန်းသူများ၏ ပန်းချီပညာရပ်ရှုထောင့်နှင့် လေ့လာမှတ်သားမှုတို့ကို အကဲဖြတ်ရန်အတွက် ပြိုင်ပွဲပြုလုပ်ပေးရခြင်းဖြစ်ကြောင်း ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်စောကလျာက ရှင်းလင်းပြောကြားသည်။


ထို့နောက် သင်တန်းဆရာ/ဆရာမများက မြန်မာ့ရိုးရာအတာသင်္ကြန်ပွဲတော်အကြောင်း စိတ်ကူးပုံဖော်ပန်းချီရေးဆွဲရန်အတွက် ယှဉ်ပြိုင်ရမည့် သင်္ကြန်ပွဲတော်အကြောင်းအရင်း၊ အချက်အလက်များကို ပြည့်စုံစွာရေးဆွဲစေခဲ့သည်။ သင်္ကြန်ပွဲတော်အား စိတ်ကူးဖြင့်ပုံဖော်ရေးဆွဲရာတွင် ရေဆေးပန်းချီကိုအဓိကထား ယှဉ်ပြိုင်ရေးဆွဲကြရမည်ဖြစ်ကြောင်း ပန်းချီဆရာကြီး ဦးကျော်ဆွေက ပြောကြားခဲ့သည်။


ယခုနွေရာသီအခြေခံပန်းချီသင်တန်း တတိယပတ်၌ မြန်မာ့ရိုးရာအတာသင်္ကြန်ပွဲတော်အကြောင်း စိတ်ကူးပုံဖော်ရေးဆွဲခြင်းပြိုင်ပွဲတွင် မူလတန်းအဆင့် ကျောင်းသား/ကျောင်းသူစုစုပေါင်း(၆၇)ဦး၊ အထက်တန်း၊ အလယ်တန်းအဆင့် ကျောင်းသား/ကျောင်းသူစုစုပေါင်း(၃၂)ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီးဆုရရှိသည့် ကျောင်းသား/ ကျောင်းသူလေးများကို ဧပြီလ ၁၂ ရက်နေ့ သင်တန်းဆင်းပွဲတွင် ပထမ၊ ဒုတိယ၊ တတိယဆုများ အသီးသီးချီးမြှင့်သွားမည်ဖြစ်ကြောင်း ဦးစီးအရာရှိ ဒေါ်စောကလျာထံမှ သိရသည်။


ကျော်စွာ

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)