မိမိတို့တတ်မြောက်ထားသည့် ပညာရပ်များဖြင့် နိုင်ငံတော်နှင့် ပြည်သူတို့အား အလုပ်အကျွေးပြုနိုင်ရေး ကြိုးစားဆောင်ရွက် ရမည်ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း ပြောကြား - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မိမိတို့တတ်မြောက်ထားသည့် ပညာရပ်များဖြင့် နိုင်ငံတော်နှင့် ပြည်သူတို့အား အလုပ်အကျွေးပြုနိုင်ရေး ကြိုးစားဆောင်ရွက် ရမည်ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း ပြောကြား


MNP ၊ ဧပြီ ၉

စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းသည် ဒုတိယဝန်ကြီး ဦးရင်မောင်ညွန့်၊ ဦးဆောင်ညွှန်ကြားရေးမှူးများနှင့်အတူ ၈-၄-၂၀၂၃ ရက်နေ့ နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့ရှိ အမှတ်(၁)သံမဏိစက်ရုံ(မြင်းခြံ)သို့ရောက်ရှိပြီး  စက်ရုံအစည်းအဝေးခန်းမ၌ စက်ရုံမှူးက လုပ်ငန်းအကောင်အထည်ဖော် ဆောင်ရွက်နေမှုအခြေအနေများကို ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက လုပ်ငန်းများကို သတ်မှတ်စံချိန်စံညွှန်းများနှင့်အညီ ဆောင်ရွက်ရန်နှင့် လုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းရေးကို အလေးထားဆောင်ရွက်ရန် မှာကြားသည်။


ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် ဝန်ထမ်းများနှင့်တွေ့ဆုံ၍ စက်ရုံရှိစက်ပစ္စည်းများတွင် တပ်ဆင်ထားသည့် အလိုအလျောက်ထိန်းချုပ်မှုစနစ်များကို အပြည့်အဝအသုံးချနိုင်ရေး ကြိုးပမ်း ဆောင်ရွက်ကြရန်နှင့် ကျွမ်းကျင်ပညာရှင်များထံမှ နည်းပညာလွှဲပြောင်းရရှိရေး ဆောင်ရွက်ကြရမည် ဖြစ်ကြောင်း၊ အရေးပေါ်ကိစ္စရပ်များဖြစ်ပွားပါက အလျင်အမြန်တုံ့ပြန်ဖြေရှင်းမည့်အစီအမံများ ရေးဆွဲထားရမည်ဖြစ်ကြောင်း၊ ဝန်ထမ်းမျာအနေဖြင့် လုပ်ငန်းတာဝန်များကို ရိုးသားစွာဖြင့် အောင်မြင်အောင်ဆောင်ရွက်၍ မိမိတို့၏ဂုဏ်ကို မြှင့်တင်ကြရမည်ဖြစ်ကြောင်း၊ မိမိတို့တတ်မြောက် ထားသည့် ပညာရပ်များဖြင့် နိုင်ငံတော်နှင့် ပြည်သူတို့အား အလုပ်အကျွေးပြုနိုင်ရေး ကြိုးစားဆောင်ရွက် ရမည်ဖြစ်ကြောင်း၊ စက်မှုလုပ်ငန်း၊ တည်ဆောက်ရေးလုပ်ငန်းများအတွက် မရှိမဖြစ်လိုအပ်သော သံနှင့် သံမဏိ ထုတ်လုပ်ရေးလုပ်ငန်းများကို ဆောင်ရွက်နေခြင်းဖြစ်၍ အားသွန်ခွန်စိုက် ကြိုးပမ်းဆောင်ရွက် ရမည်ဖြစ်ကြောင်း၊ စီမံကိန်းလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်စဉ် တွေ့ကြုံရမည့် အခက်အခဲများကို စုပေါင်းအားဖြင့် အောင်မြင်အောင် ဖြေရှင်းဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ သံနှင့်သံမဏိထုတ်ယူသည့် လုပ်ငန်းစဉ်အဆင့်ဆင့်တို့ကိုလည်း ကျေညက်အောင် လေ့လာသင်ယူသွားကြရမည်ဖြစ်ကြောင်း၊ ဝန်ထမ်းများအနေဖြင့် နှစ်သစ်တွင်စိတ်သစ်လူသစ်ဖြင့် ပေးအပ်လာသည့် လုပ်ငန်းတာဝန်များကို ကျေပွန်အောင် ထမ်းဆောင်ကြရန်မှာကြားပြီး ဝန်ထမ်းများ၏ တင်ပြချက်များကို ဖြေရှင်းဆောင်ရွက်ပေးခဲ့သည်။


ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် အထက်အောက်ဆက်ဆံရေး ပိုမိုကောင်းမွန်မှုရရှိစေရန်နှင့် ဝန်ထမ်းတစ်ဦးချင်း ချစ်ခင်ရင်းနှီးမှုနှင့် စည်းလုံးမှုရှိစေရန်တို့အတွက် စက်ရုံစားရိပ်သာ၌ ဝန်ထမ်းများနှင့် အတူတကွ နေ့လယ်စာသုံးဆောင်ခဲ့ကြောင်း သိရသည်။


#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)