မြန်မာနိုင်ငံရှိ တက္ကသိုလ်များနှင့် ဘရာဇီးလ်နိုင်ငံ Federal University of Goiás (UFG) တို့အကြား သိပ္ပံနှင့်နည်းပညာကဏ္ဍ အပါအဝင် ပညာရေးနှင့် ကျန်းမာရေးကဏ္ဍစသည်တို့တွင် ပူးပေါင်းဆောင်ရွက်မှု ပြုလုပ်နိုင်မည့် အလားအလာများ ဆွေးနွေး - Myanmar National Post

Myanmar National Post

News Agency

Breaking

မြန်မာနိုင်ငံရှိ တက္ကသိုလ်များနှင့် ဘရာဇီးလ်နိုင်ငံ Federal University of Goiás (UFG) တို့အကြား သိပ္ပံနှင့်နည်းပညာကဏ္ဍ အပါအဝင် ပညာရေးနှင့် ကျန်းမာရေးကဏ္ဍစသည်တို့တွင် ပူးပေါင်းဆောင်ရွက်မှု ပြုလုပ်နိုင်မည့် အလားအလာများ ဆွေးနွေး





MNP ၊ ဧပြီ ၂၈

ဘရာဇီးလ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးအောင်ကျော်ဇံသည် ဘရာဇီးလ်နိုင်ငံ၊ ဂိုရာပြည်နယ်၏ မြို့တော် ဂိုရာနီရှိ Federal University of Goiás (UFG) မှ နိုင်ငံတကာ ဆက်ဆံရေးဌာန၊ ပါမောက္ခ Dr. Lais Forti Thomas ၏ ဖိတ်ကြားချက်အရ ၂၆-၄-၂၀၂၃ ရက်တွင် Federal University of Goiás သို့ သွားရောက်၍ တက္ကသိုလ်၏ Dean ဖြစ်သူ Prof. Angelita Pereira de Lima နှင့် တွေ့ဆုံဆွေးနွေးမှုပြုလုပ်ခဲ့ကြောင်း သိရသည်။ 

ထိုသို့တွေ့ဆုံဆွေးနွေးစဉ် သံအမတ်ကြီးက မြန်မာနိုင်ငံရှိ တက္ကသိုလ်များနှင့် UFG တို့အကြား သိပ္ပံနှင့်နည်းပညာကဏ္ဍ၊ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ကဏ္ဍ၊ သဘာဝပတ်ဝန်းကျင်နှင့် ဇီဝမျိုးကွဲများ ထိန်းသိမ်းစောင့်ရှောက်ရေးကဏ္ဍ၊ အစိမ်းရောင်စီးပွားရေးကဏ္ဍ၊ ပညာရေးနှင့် ကျန်းမာရေးကဏ္ဍစသည်တို့တွင် ပူးပေါင်းဆောင်ရွက်မှု ပြုလုပ်နိုင်မည့် အလားအလာများနှင့် ပတ်သက်၍ ဆွေးနွေးပြောကြားခဲ့ရာ၊ UFG တက္ကသိုလ်၏ Dean ဖြစ်သူ  Prof. Angelita Pereira de Lima က မြန်မာနိုင်ငံရှိ တက္ကသိုလ်များနှင့် UFG တို့အကြား ပူးပေါင်းဆောင်ရွက်မှုများ ပြုလုပ် သွားလိုပါကြောင်း၊ ကဏ္ဍရပ်တစ်ခုချင်းအလိုက် သဘောတူညီချက်များ လက်မှတ်ရေးထိုးနိုင်ရန် လိုအပ်ပါကြောင်းနှင့် သဘာဝပတ်ဝန်းကျင်နှင့် ဇီဝမျိုးကွဲများ ထိန်းသိမ်းစောင့်ရှောက်ရေးကဏ္ဍ၌ UFG တက္ကသိုလ်မှ ဆောင်ရွက်ရန်ရှိသည့် စီမံကိန်းတွင် မြန်မာနိုင်ငံအား ပါဝင်ရန် ဖိတ်ခေါ် ပါကြောင်းဖြင့် ပြန်လည်ဆွေးနွေးပြောကြားခဲ့သည်။ 

ဆက်လက်၍ UFG တက္ကသိုလ်၊ Samambaia Technology Park သုတေသနစင်တာ၏ ညွှန်ကြားရေးမှူး Dr. Luizmar Adriano Junior က သံအမတ်ကြီးအား UFG တက္ကသိုလ်တွင် နာနိုနည်းပညာနှင့် 3D နည်းပညာများ အသုံးပြု၍ သုတေသနပြုဆောင်ရွက်လျက်ရှိမှုအခြေအနေများအား လိုက်လံရှင်းလင်းပြသခဲ့ကြောင်း သိရသည်။


#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)