ဖြူးမြို့နယ်ရှိ သံကူကွန်ကရစ်ချောင်းကူးတံတား ၂ စင်းအား PDF အမည်ခံ အကြမ်းဖက် အဖွဲ့များက မိုင်းထောင်ဖောက်ခွဲဖျက်ဆီး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဖြူးမြို့နယ်ရှိ သံကူကွန်ကရစ်ချောင်းကူးတံတား ၂ စင်းအား PDF အမည်ခံ အကြမ်းဖက် အဖွဲ့များက မိုင်းထောင်ဖောက်ခွဲဖျက်ဆီး




MNP ၊ ဧပြီ ၁

ပဲခူးတိုင်းဒေသကြီး၊ ဖြူးမြို့နယ်ရှိ သံကူကွန်ကရစ်ချောင်းကူးတံတား ၂ စင်းအား မတ် ၃၁ ရက်တွင် PDF အမည်ခံ အကြမ်းဖက်အဖွဲ့များက မိုင်းထောင် ဖောက်ခွဲဖျက်ဆီးခဲ့ကြောင်း သိရသည်။


ဖြစ်စဉ်မှာ မတ် ၃၁ ရက် မွန်းလွဲ ၁၂ နာရီ ၁၅ မိနစ်ခန့်တွင် ပဲခူးတိုင်းဒေသကြီး၊ ဖြူးမြို့နယ်၊ ကညွတ်ကွင်းမြို့၊ ဘုရားလဟာကျေးရွာရှိ အလျား ၄၀ ပေ၊ အနံ ၂၀ ပေရှိ မဂျမ်းရိုးတံတား ဒေသအခေါ် တူးမြောင်းတံတား နှင့် အလျား ၈၀ ပေ၊ အနံ ၂၀ ပေရှိ သစ်ပတ်ချောင်းတံတား တို့ဖြစ်သော သံကူကွန်ကရစ်အမျိုးအစားတံတား ၂ စင်းတို့အား PDF အမည်ခံ အကြမ်းဖက်အဖွဲ့များ က မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခဲ့ကြောင်းနှင့် မိုင်းပေါက်ကွဲမှုကြောင့် မဂျမ်းရိုးတံတား ဒေသအခေါ် တူးမြောင်းတံတားမှာ အနည်းငယ်ပျက်စီးခဲ့ပြီး သစ်ပတ်ချောင်းတံတားမှာ ပျက်စီးမှုကြောင့် ယာဉ် များဖြတ်သန်းသွားလာ၍ မရကြောင်း သိရသည်။


ထိုသို့ အများပြည်သူများသွားလာအသုံးပြုလျက်ရှိသည့် သံကူကွန်ကရစ်ချောင်းကူးတံတား များအား မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခဲ့သည့် အကြမ်းဖက်သမားများအား ဖမ်းဆီးအရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သည့် လုံခြုံရေးလုပ်ငန်းစဉ်များအား ဆက်လက်ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။


PDF အကြမ်းဖက်သမားများအနေဖြင့် တံတားများကို မိုင်းခွဲ၊ မီးရှို့ဖျက်ဆီးမှုအနေဖြင့် အကြိမ် ၁၅၀ ထက်မနည်း ပြုလုပ်ခဲ့ကြပြီး ဖြစ်သည်။


#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)