ဟုမ္မလင်းမြို့နယ်၊ အောက်တောင်ပေါ်ကျေးရွာတွင် ကျင်းပပြုလုပ်လျက်ရှိသည့် ကျေးရွာဇာတ်ပွဲအတွင်းအား PDF အမည်ခံ အကြမ်းဖက်သမားများမှ ဗုံထောင်ဖောက်ခွဲတိုက်ခိုက်ခဲ့၍ အပြစ်မဲ့ ပြည်သူ ၂ဦး သေဆုံး၊ ၉ ဦး ထိခိုက်ဒဏ်ရာများရရှိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဟုမ္မလင်းမြို့နယ်၊ အောက်တောင်ပေါ်ကျေးရွာတွင် ကျင်းပပြုလုပ်လျက်ရှိသည့် ကျေးရွာဇာတ်ပွဲအတွင်းအား PDF အမည်ခံ အကြမ်းဖက်သမားများမှ ဗုံထောင်ဖောက်ခွဲတိုက်ခိုက်ခဲ့၍ အပြစ်မဲ့ ပြည်သူ ၂ဦး သေဆုံး၊ ၉ ဦး ထိခိုက်ဒဏ်ရာများရရှိ


MNP ၊ ဧပြီ ၁၅ 

စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းမြို့နယ်၊ အောက်တောင်ပေါ်ကျေးရွာတွင် ယမန်နေ့ ည က ပြုလုပ်ခဲ့သည် ကျင်းပပြုလုပ်လျက်ရှိသည့် ကျေးရွာဇာတ်ပွဲအတွင်းအား PDF အမည်ခံ အကြမ်းဖက်သမားများမှ ဗုံထောင်ဖောက်ခွဲတိုက်ခိုက်ခဲ့၍ အပြစ်မဲ့ ပြည်သူ ၂ဦး သေဆုံး၊ ၉ ဦး ထိခိုက်ဒဏ်ရာများရရှိခဲ့ကြောင်း သိရသည်။

သင်္ကြန်အကျနေ့ ၂၀၂၃ခု နှစ်၊ ဧပြီလ ၁၄ ရက် နေ ည ၁၀နာရီခွဲ ချိန်ခန့်တွင် ဟုမ္မလင်းမြိုနယ်၊ အောက်တောင်ပေါ်ကျေးရွာတွင် ကျင်းပပြုလုပ်လျက်ရှိသည့် ကျေးရွာဇာတ်ပွဲအတွင်းရှိ ဆိုင်ကယ်ရပ်နားသည့်နေရာတွင် PDF အမည်ခံအကြမ်းဖက်အဖွဲ့များမှ မိုင်းအား ဆိုင်ကယ်ဒူးကာနှစ်ဘက်အတွင်းထည့်သွင်း၍ ယုတ်မာရက်စက်စွာ ဖောက်ခွဲခဲ့ကြောင်း သိရသည်။

အဆိုပါ အောက်တောင်ပေါ်ကျေးရွာတွင် အိမ်ခြေ ၉၂ အိမ်၊ အိမ် ထောင်စု ၉၈ စု၊ လူဦးရေ ကျား ၂၆၀ ဦး၊ မ ၂၅၁ ဦး၊ ပေါင်း ၅၁၁ ဦး ရှိပြီး မိုင်းပေါက်ကွဲမှုကြောင့် ပွဲတော်သို့လာရောက်လည်ပတ်သည့် ပြည်သူလူထုများထဲမှ အပြစ်မဲ့ ပြည်သူ အမျိုးသမီး ၂ ဦး သေဆုံးခဲ့ပြီး အမျိုးသား ၇ဦးနှင့် အမျိုးသမီး ၂ ဦးမှာလည်း  ထိခိုက်ဒဏ်ရာများရရှိခဲ့ကြောင်း သိရသည်။

အထက်ပါဖြစ်စဉ်တွင် ထိုခိုက်ဒဏ်ရာ ရရှိသူများအား လုံခြုံရေး တပ်ဖွဲ့ဝင်များက ဟုမ္မလင်းမြို့ တပ်မတော် ဆေးရုံသို့ ပို့ဆောင်ဆေးကုသမှု ခံယူစေလျက်ရှိကြောင်းနှင့် အကြမ်းဖက်မှုကို ကျူးလွန်ခဲ့သည့် အကြမ်းဖက်သမားများအား အမြန်ဆုံး ဖော်ထုတ်ဖမ်းဆီး၍ ဥပဒေနှင့်အညီ အပြစ်ပေးအရေးယူနိုင်ရေး ဆက်လက် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။


#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)