မုံရွာမြို့ပေါ်တွင် PDF အကြမ်းဖက်သမားများက ပစ်ခတ်တိုက်မှု ပြုလုပ်၊ လုံခြုံရေးတပ်ဖွဲ့ဝင်များ လိုက်လံနှိမ်နင်းလျက်ရှိ - Myanmar National Post

Myanmar National Post

News Agency

Breaking

မုံရွာမြို့ပေါ်တွင် PDF အကြမ်းဖက်သမားများက ပစ်ခတ်တိုက်မှု ပြုလုပ်၊ လုံခြုံရေးတပ်ဖွဲ့ဝင်များ လိုက်လံနှိမ်နင်းလျက်ရှိ


MNP ၊ ဧပြီ ၂

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့ပေါ်တွင် ပြည်သူမျာအား စိုးရိမ်ထိတ်လန့်စေရန် PDF အကြမ်းဖက်သမားများက လာရောက်ပစ်ခတ်တိုက်ခိုက်မှု လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

ယနေ့ နံနက် ၆ နာရီခန့်တွင် မုံရွာမြို့၊ မုံရွာတောင်ရပ်ကွက်တွင် နယ်မြေလုံခြုံရေးဆောင်ရွက်နေသော လုံခြုံရေးအဖွဲဝင်များသည် နယ်မြေလုံခြုံရေးဆောင်ရွက်နေစဉ် အဖျက်အမှောင့်များ လုပ်ဆောင်နေသည့် PDF အကြမ်းဖက်သမားများက ကား ၁ စီးဖြင့် ရောက်ရှိလာပြီး ပစ်ခတ်သဖြင့် လုံခြုံရေးအဖွဲ့ဝင်များက ပြန်လည် ပစ်ခတ်ရှင်းလင်းခဲ့ရာ အကြမ်းဖက်သမားများမှာ ၎င်းကားဖြင့် ထွက်ပြေးသွားပြီး မုံရွာမြို၊ အောင်မင်္ဂလာရပ်ကွက်ရှိ လုံခြုံရေးအဖွဲ့ဝင်များမှ အသင့်စောင့်ဆိုင်း စီးကြို ပစ်ခတ်ခဲ့ရာ PDF အကြမ်းဖက်သမားများမောင်းနှင်လာသည့် ကားမှာ လမ်းဘေးအား ဝင်တိုက်ကာ ရပ်တန့်သွားခဲ့ပြီး အကြမ်းဖက်သမားများ ဒဏ်ရာဗလပွဖြင့် ထွက်ပြေးသွားကြောင်း သိရသည်။

အဆိုပါဖြစ်စဉ်အတွင်း PDF အကြမ်းဖက်သမားများ၏ ရမ်းသမ်း ပစ်ခတ်မှုကြောင့် ထရန်စဖော်မာအိုး ၁ လုံး ကျည်ထိမှန်ပျက်စီးခဲ့ပြီး PDF အကြမ်းဖက်သမားများ ကျန်ရစ်ခဲ့သည့် ကားအား လုံခြုံရေးအဖွဲ့ဝင်များမှ သိမ်းဆည်းရရှိခဲ့ကာ ခွေးပြေးဝက်ပြေး ထွက်ပြေးသွာသော PDF အကြမ်းဖက်သမားများကို ခြုံရေးအဖွဲ့ဝင်များမှ လိုက်လံရှာဖွေ ရှင်းလင်းလျက်ရှိကြောင်း သိရသည်။


#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)