ဟားခါးမြို့ရှိ မြို့နယ်လျှပ်စစ်ရုံးအား CDF အကြမ်းဖက်အဖွဲ့က မိုင်းထောင်ဖောက်ခွဲဖျက်ဆီး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဟားခါးမြို့ရှိ မြို့နယ်လျှပ်စစ်ရုံးအား CDF အကြမ်းဖက်အဖွဲ့က မိုင်းထောင်ဖောက်ခွဲဖျက်ဆီး



MNP ၊ ဧပြီလ ၂ 

ချင်းပြည်နယ်၊ ဟားခါးမြို့၊ ဈေးသစ်ရပ်ကွက်ရှိ မြို့နယ်လျှပ်စစ်ရုံးအား CDF အကြမ်းဖက်သမားများက ယမန်နေ့ ည ၇နာရီခွဲခန့်က မိုင်းထောင်ဖောက်ခွဲ ဖျက်ဆီးခဲ့ကြောင်း သိရသည်။

CDF အကြမ်းဖက်သမားများ၏ ကောက်ကျစ်ယုတ်မာစွာ မိုင်းထောင်ဖောက်ခွဲဖျက်ဆီးမှုကြောင့် လျှပ်စစ်ရုံးအတွင်းရှိ ရုံးသုံးကွန်ပျူတာ ၁ လုံး၊ ရုံးတံခါးမကြီး ၁ ချပ်၊ ပြတင်းပေါက်မှန် ၁၀ ချပ်၊ လျှပ်စစ်ကေဘယ်ကြိုး ၂ ခွေ၊ သစ်သားထိုင်ခုံ ၅ လုံး၊ သစ်သားစားပွဲ ၂ လုံး၊ ရုံးသုံးမီတာဘောက် ၁ လုံး၊ မျက်နှာကြက် ၆ ချပ်၊ ထရန်စဖော်မာ ၁ လုံးတို့မှာ မိုင်းစထိမှန်ပျက်စီး ဆုံးရှုးခဲ့ရကြောင်း သိရသည်။

NUG နှင့် အကြမ်းဖက်အဖွဲ့များ၊ ၎င်းတို့ကို ပံ့ပိုးနေသော EAO များအနေဖြင့် အများပြည်သူ လျှပ်စစ်ဓာတ်အား သုံးစွဲမှု အခက်တွေ့စေရန် လျှပ်စစ်တာဝါတိုင်များကို ဗုံးခွဲ၊ မီးရှို့ ဖျက်ဆီးမှုပေါင်း ၂၅ကြိမ်ထက် မနည်း လုပ်ဆောင်ခဲ့ကြပြီး ဖြစ်သည်။


#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)