ရွှေဘိုမြို့နယ်အတွင်း PDF အကြမ်းဖက်စခန်း တည်နေရာများ၊ အကြမ်းဖက်သမားများ လှုပ်ရှားဆောင်ရွက်မှုကို သက်ဆိုင်ရာ မြို့နယ်သို့ တင်ပြသော်လည်း နှိမ်နင်းဖယ်ရှားခြင်းမရှိဟုဆို - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရွှေဘိုမြို့နယ်အတွင်း PDF အကြမ်းဖက်စခန်း တည်နေရာများ၊ အကြမ်းဖက်သမားများ လှုပ်ရှားဆောင်ရွက်မှုကို သက်ဆိုင်ရာ မြို့နယ်သို့ တင်ပြသော်လည်း နှိမ်နင်းဖယ်ရှားခြင်းမရှိဟုဆို



MNP ၊ ဧပြီ ၁

ရွှေဘိုမြို့နယ်အတွင်း PDF အကြမ်းဖက်သမားများ လာရောက်စုဝေးနေပြီး အကြမ်းဖက်သမား၏ လှုပ်ရှားဆောင်ရွက်မှု၊ စခန်းတည်နေရာများကို သက်ဆိုင်ရာ မြို့နယ်တာဝန်ရှိသူများထံ တင်ပြသော်လည်း နှိမ်နင်းဖယ်ရှားခြင်း မရှိသဖြင့် ဒေသခံပြည်သူများစွာ သေဆုံးခဲ့ရကြောင်း အကြမ်းဖက်ဘေးအန္တရာယ်ကြောင့် တိမ်းရှောင်နေရသူတစ်ဦးက မြန်မာနေရှင်နယ်ပို့စ်သို့ ဆက်သွယ်ပြောဆိုသည်။

တိမ်းရှောင်နေရသည့် ဒေသခံတစ်ဦးက "ကျွန်တော်တို့က အကြမ်းဖက်ဘေးအန္တရာယ်ရှိနေတဲ့ အခြေအနေကြောင့် လက်နက်ကိုင်ခွင့်ပြုမလား လို့ တိုင်းကို တင်ပြတယ်။ မြို့နယ်ကို တင်ပြဖို့ ပြောလို့ မြို့နယ်ကို တင်ပြတယ်။ ဒီနေ့လို တင်ပြတယ်ဆိုရင် နောက်နေ့ ကျွန်တော်တို့ ပြေးရတာပဲ။  သက်ဆိုင်ရာကို သတင်းပို့တယ်။ ဘယ်ရွာမှာတော့ ဘယ်နှယောက် အသတ်ခံရပြီ။ ဘယ်နေရာမှာတော့ အသတ်ခံရပြန်ပြီ။ အမြဲသတင်းပို့တယ်။ ရွှေဘို သရောက်ကိုင်း ကျေးရွာမှာ PDF ထောက်ခံပွဲတောင် လုပ်တယ်။ ရွှေဘို၊ ခင်ဦး၊ ကန့်ဘလူဘက်က ဟာတွေရော ရောက်နေတာ။ အမြန်ရှင်းပါဆိုတော့လည်း မရှင်းဘူး။ ကျွန်တော်တို့က တင်ပြတဲ့အခါကြတော့ အရေးပါတဲ့ နေရာတွေ လုပ်တာတဲ့။ ခင်ဗျားတို့ နေရာတွေက အရေးမပါဘူးဆိုတဲ့ သဘောမျိုး သက်ရောက်ပြီးတော့ ပြောတယ်ဗျ။ ကျွန်တော်တို့ ပတ်ဝန်းကျင်ရွာတွေမှာ PDF သတ်လို့ သေရတာမနည်းတော့ဘူး။ တစ်ရွာကို (၇)ယောက်၊ (၈)ယောက် ဆိုတာ အနည်းဆုံးဗျ။ တစ်ရွာကို (၁၀)ယောက် အထက် အသတ်ခံရတယ်။ တိုင်းရုံးကို ဆက်သွယ်တင်ပြတော့ အရေးကြီးတဲ့နေရာတွေ လုပ်နေတာတဲ့။ ဒီလောက်ထိအောင် အသတ်ခံနေရတာကို အရေးမကြီးဘူးလားလို့။ မျက်ကွယ်ပြုထားတာလားလို့ ဆိုတော့ အရေးကြီးတဲ့နေရာ အရင်ရှင်းတာတဲ့။ ၂ခါတော့ စစ်ကြောင်းဝင်တယ်ဗျ။ PDF အကြမ်းဖက်စခန်းရှိတဲ့နေရာတွေ အတိအကျ သတင်းပေးတဲ့ နေရာကိုတော့ မဟုတ်ဘူး။ ပိတ်စို့ပြီးရှင်းတာမျိုး မဟုတ်တော့ ပိုဆိုးတာပေါ့ဗျာ။" ဟု ပြောသည်။

ဒေသခံ၏ ပြောကြားချက်အရ PDF ထဲ မဝင်မနေရ ဖြစ်နေကြောင်း၊ ပိုက်ဆံတောင်းလည်း ပေးရကြောင်း၊ မပြေးနိုင်တဲ့သူ PDF ထဲ ဝင်နေရကြောင်းပြောသည်။

လယ်ရှိုကျေးရွာအား PDF အကြမ်းဖက်သမားများက လာဝိုင်းသည့် အခြေအနေကို သက်ဆိုင်ရာအား တင်ပြရာ "လယ်ရှိုရွာကို PDF လာဝိုင်းနေလို့ ပစ်မိန့်တောင်းတာတဲ့။ ပြည်သူ့စစ်တွေကို ပစ်မိန့်မပေးဘူး။ ရွာကိုလည်း PDF က မီးရှို့သွားတယ်။ လူတွေလည်း သတ်ဖြတ်သွားတယ်။ ဟ ငါတို့ စစ်တပ်အားကိုးလို့တော့ မရဘူးဆိုပြီး ဆိုင်ရာ ဆိုင်ရာ ထွက်သွားကြရတယ်။" ဟု ဒေသခံ က ပြောသည်။

PDF အကြမ်းဖက်သမားများ ရွှေဘိုမြို့နယ်အတွင်း စုဝေးရောက်ရှိနေသည့် အခြေအနေနှင့် ပတ်သက်၍ "အုန်းပင်ကုန်းကို ရှင်းမယ်ဆိုရင် မလယ်လမ်းဆုံက ပိတ်ပြီးတော့ ရှင်းမယ်ဆိုရင် ဒီကောင်တွေ မြစ်ကူးရုံပဲ ရှိမယ်။ မြစ်ထဲက မော်တော်ယာဉ်မှန်သမျှ ရှေ့ဘက်ကမ်းကပ်ခိုင်းပြီး PDF ကို ဖျောမယ်ဆိုရင် တစ်ကောင်မှကို မလွတ်ဘူးဗျ။ PDF အင်အားများတယ်ဗျ။ ဝက်လက် PDF ၊ ခင်ဦး PDF၊ ရေဦး PDF ဗျာ PDF မှန်သမျှ ရွှေဘိုနယ်ဘက်ကို ရောက်နေတာဗျာ။ လမ်းပေါ်တက် မိုင်းဆွဲတယ်ဗျာ။ ဆက်ကြေးကောက်တယ်ဗျာ။ နောက်ဘက်ကမ်းမှာ ရှိတဲ့ မော်တော်ယာဉ် မှန်သမျှ ရှေ့ဘက်ကမ်း အကုန်ကပ်ခိုင်းပြီးတော့သာ ဝင်ရှင်းမယ်ဆိုရင် ဒီကောင်တွေ ဘယ်လိုမှ ပြေးမရတော့ဘူး။ ကုန်းလမ်းက မလယ်လမ်းဆုံပေါ့ဗျာ။ ပတီလမ်း တစ်ချက်ပိတ်ရမယ်။ သီရိမွန်လမ်းကို တစ်ချက်ပိတ်ရမယ်။ နယ်မွန်လမ်းကို တစ်ချက်ပိတ်ပြီးတော့ မလယ်လမ်းဆုံပါ (၄)ချက်လောက် ပိတ်လိုက်ရင် ဒီကောင်တွေ ဘယ်မှ ပြေးစရာ မရှိဘူး။ သင်ပုန်းနဲ့ မယ်စပ်တောရဲ့ကြားဆိုရင် အကုန်လုံး PDF ရှိတာပဲ။ စခန်းတွေလည်း အကုန်လုံး တင်ပြထားပြီးသားပါ။ PDF စခန်းကတော့ မွစတက်လို့ဗျာ။ တချို့စခန်းမှာ အင်အား ၁၀၀ ကျော်၊ တချို့စခန်းက ၄၀၀၊ ၅၀၀ အထိတောင် ရှိတယ်ဗျာ။ PDF စုစုပေါင်း အင်အားဆိုရင် ၂၀၀၀ ကျော်မှာ။ ရွာတွေထဲမှာ မိုင်းတွေ ထောင်တယ်။ ရွာတွေထဲမှာ သူတို့ မရှိဘူး။ အင်တိုင်းတောတွေမှာ ရှိတယ်ဗျာ။ အခုနေ ရှင်းရင်တော့ ကောင်းတာပေါ့ဗျာ။ အရွက်ဘာညာ မရှိတော့ ချောင်းကြို ချောင်းကြားက ဝါးရုံပင်အောက်ပဲ ခိုနေရမှာ။ ရှင်လို့ ကောင်းတာကတော့ ဒီအချိန်ပေါ့ဗျာ။ အမှိုက်လှဲသလို ရှင်းရင်တော့ ကောင်းတာပေါ့ဗျာ။ ကျွန်တော်တို့မှာ အားကိုးရာ မရှိသလို ဖြစ်နေတယ်။ မပေးလို့ဆိုရင်လည်း ထားတော့။ ကျွန်တော်တို့မှာ စခန်းတွေ အတိအကျပေးပါလျက်နဲ့ ပိတ်စို့ဖို့ရာ၊ ဖမ်းဆီးနိုင်ဖို့ရာ ပေးပါလျက်နဲ့ မလုပ်တာ တော်တော်လေး ဝမ်းနည်းတာပေါ့ဗျာ။ ကျွန်တော်တို့မှာ အတိဒုက္ခရောက်တာပေါ့။" ဟု ပြောဆိုသည်။


#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)