သထုံမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ သတိပြုကာကွယ်ရေး ပညာပေးဆွေးနွေးပွဲ(Talk Show) ပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

သထုံမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ သတိပြုကာကွယ်ရေး ပညာပေးဆွေးနွေးပွဲ(Talk Show) ပြုလုပ်




MNP ၊  ဧပြီ ၂၈

မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့ပူးပေါင်း၍ ကိုဗစ်-၁၉ ရောဂါ သတိပြုကာကွယ်ရေး  အသိပညာပေးဆွေးနွေးပွဲ Talk Show အစီစဉ်ကိုယ‌မန်နေ့၊ မွန်းလွဲပိုင်းက ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှိ လူထုအခြေပြုဗဟိုဌာနခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။


ဆွေးနွေးပွဲတွင် ရှေးဦးစွာ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်လှလှဌေးက Talk Show ကျင်းပပြုလုပ်ရခြင်းနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားပြီး မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ လက်ထောက်ကျန်းမာရေးမှူး ဦးကျော်စွာမြင့်က ကိုဗစ်-၁၉ ရောဂါနှင့် ဗီဇပြောင်း ကိုဗစ်-၁၉ ရောဂါလက္ခဏာများ၊ ကူးစက်ပျံ့နှံ့မှု အခြေအနေများ၊ ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ကာကွယ်ရေးအတွက် လူတစ်ဦးချင်းစီအလိုက် ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ ကျင့်သုံးနေထိုင်ရမည့် နည်းလမ်းများ၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး မပျက်မကွက် ထိုးနှံကြရေးနှင့် သထုံမြို့နယ်အတွင်း ကာကွယ်ဆေးထိုးနှံရေး ရာနှုန်းပြည့်လွှမ်းခြုံရေး ဆောင်ရွက်နေမှုများ စသည့်တို့ကို အကျယ်တဝင့် ရှင်းလင်းဆွေးနွေး ခဲ့ကြသည်။


သထုံခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ပြည်သူများအသိပညာတိုးပွားစေရေးအတွက် ယခုကဲ့သို့ အသိပညာပေးဆွေးနွေးပွဲ Talk Show အစီအစဉ်များရိုက်ကူးထုတ်လွှင့်ခြင်းအပါအဝင် အသိပညာပေးဝန်ဆောင်မှုလုပ်ငန်းများကို စဉ်ဆက်မပြတ်ဆောင်ရွက်လျှက်ရှိပြီး Talk Show အစီအစဉ်များကို ပြည်သူများအကျိုးရှိစေမည့် သတ်မှတ် ခေါင်းစဉ်အလိုက် ရိုက်ကူးထုတ်လွှင့်ခြင်းအား လူထုအခြေပြုဗဟိုဌာနခန်းမ၌ လစဉ်ပုံမှန် ပြုလုပ်လျှက်ရှိကြောင်း သိရသည်။


 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)