MNP ၊ မေ ၃
ရခိုင်ပြည်နယ်၊ ဂွမြို့နယ်တွင် သိမ်ကုန်းစေတီတော်ဝန်းအတွင်းရှိ ဗောဓိညောင်ပင်၌ ညောင်ရေသွန်းလောင်းပွဲ မင်္ဂလာ အခမ်းအနားကို ယနေ့ ညနေ ၅ နာရီအချိန်တွင် စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့သည်။
အဆိုပါ ညောင်ရေသွန်းလောင်းပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင် များ၊ ဒုတိယ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်လင်းနှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာ အကြီးအကဲများ၊ မြို့ပေါ်ရပ်ကွက် အုပ်ချုပ်ရေးမှူးများ၊ ရပ်မိရပ်ဖများ၊ ရခိုင်ရိုးရာယဥ်ကျေးမှုစည်တော်အဖွဲ့၊ မိခင်နှင့်ကလေး၊ အမျိုးသမီးရေးရာအဖွဲ့ဝင်များက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးတွင် စုရပ်ပြုလုပ်၍ သိမ်ကုန်းစေတီဝန်းအတွင်းရှိ ဗောဓိညောင်ပင် ရှိရာသို့ သွားရောက်၍ ညောင်ရေသွန်းလောင်း ကုသိုလ်ပြုခြင်းများ ပြုလုပ်ခဲ့ကြကြောင်း သိရသည်။
ရွှေရည်ဝင်းကျော်
https://t.me/MyanmarNationalPost





No comments:
Post a Comment