MNP ၊ မေ ၃
ရခိုင်ပြည်နယ် မာန်အောင်မြို့၌ကဆုန်လပြည့်(ဗုဒ္ဓနေ့)ယနေ့နံနက်ပိုင်းတွင် ဘုန်းတော်ကြီးကျောင်းများနှင့် ဘုရားစေတီ ပုထိုးများတွင်ဥပုသ်သီလ ဆောက်တည်သူများ၊မဟာဗောဓိညောင်ပင်အား ညောင်ရေသွန်းလောင်းပူဇော်သူများ၊ပန်း၊ရေ၊ဆီမီးပူဇော်သူများ ကုသိုလ်ကောင်းမှုပြုလုပ်သူများဖြင့်စည်ကားလျက်ရှိသည်။
ထို့သို ကုသိုလ်ကောင်းမှုဆောင်ရွက်ရာတွင် မြို့နယ်ဌာနဆိုင်ရာများနှင့်ဝန်ထမ်းများ၊အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊မိခင်နှင့်ကလေးစောင့်ရှောက်ရေး အသင်းဝင်များကဓာတ်တော်စေတီတော် အနီးရှိဗောဓိညောင်ပင်အား ညောင်ရေသွန်းလောင်းပူဇော်ကြပြီး သန့်ရှင်းရေး ကုသိုလ်ကောင်းမှုများ ပြုလုပ်ခဲ့ကြသည်။
ထို့နောက် ညနေပိုင်းတွင် မြို့ပေါ်ရပ်ကွက်ရှိပြည်သူများက မြို့မရပ်ကွက်ရှိ မဟာထီးဘုရား၊ရန်အောင်မြင်ရပ်ကွက်ရှိ ဓာတ်တော်စေတီတော်နှင့်ရန်အောင်မြင်စေတီတော်၊အနောက်စုရပ်ကွက်ရှိ လေးဆူမြတ်ရှင်သီရိကျက်သရေမာရ်အောင်မြင် စေတီတော်ဝင်းအတွင်းရှိ မဟာဗောဓိညောင်ပင်များအား မြန်မာ့ဓလေ့ ရိုးရာအစဉ်အလာများနှင့်အညီ ရိုးရာမပျက် ညောင်ရေ သွန်းလောင်း ပူဇော်ခဲ့ကြရာ မိမိအစီအစဉ်ဖြင့်လည်းကောင်း၊မိသားစု၊အပေါင်းအသင်း၊အဖွဲ့လိုက်လည်းကောင်း ညောင်ရေသွန်းလောင်းပူဇော်ကြရာပူဇော်လာသူများအား စတုဒီတာအလှူများဖြင့်လှူဒါန်းခဲ့ကြောင်းသိရသည်။
ဦးသိန်းဖေ
https://t.me/MyanmarNationalPost





No comments:
Post a Comment