ယခုဘဏာရေးနှစ် မိုးရာသီတွင် မုံရွာခရိုင်အတွင်းရှိ မြို့နယ် (၂)တွင် ဝါးပျိုးပင် (၁၃၅ဝဝ) စိုက်ပျိုးသွားရန် စီစဉ်လျက်ရှိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ယခုဘဏာရေးနှစ် မိုးရာသီတွင် မုံရွာခရိုင်အတွင်းရှိ မြို့နယ် (၂)တွင် ဝါးပျိုးပင် (၁၃၅ဝဝ) စိုက်ပျိုးသွားရန် စီစဉ်လျက်ရှိ



MNP ၊ မေ  ၂၇

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်အတွင်းရှိ မုံရွာမြို့နှင့် ဘုတလင်မြို့နယ်တို့တွင် ယခုဘဏာရေးနှစ် မိုးရာသီတွင် ဝါးပျိုးပင် (၁၃၅ဝဝ)ပင် စိုက်ပျိုးနိုင်ရေး စီစဉ် လျက်ရှိကြောင်း မုံရွာခရိုင် သစ်တောဦးစီးဌာနမှ သိရသည်။


မြို့နယ်တစ်ခုခြင်းအလိုက် စိုက်ပျိုးမှုအနေဖြင့် မုံရွာမြို့နယ်အတွင်းရှိ နေရာ (၈)နေရာတွင် ဝါးပျိုးပင် (၁၃ဝဝဝ)ပင်အားလည်းကောင်း၊ ဘုတလင်မြို့နယ် ဌာန ဆိုင်ရာ(၁၁)နေရာနှင့် ပြည်သူ ဖြန့်ဝေခြင်း ဝါးပျိုးပင် (၅ဝဝ)ပင်တို့ စိုက်ပျိုးသွားမည်ဖြစ်သည်။


‘‘ ဝါးပင်က စိုက်ပျိုးသင့်တဲ့အပင်မျိုးဖြစ်တယ်၊ အပင်ကိုလည်း ရောင်းလို့ရသလို၊ မျှစ်အဖြစ်လည်း စားသုံးလို့ရတဲ့အတွက် စိုက်သင့်တယ်၊ အခုစိုက်ပျိုးမဲ့ ဝါး အမျိုးအစားကတော့ မျှင်ဝါးနဲ့ဝါးပိုးဝါး ဖြစ်ပါတယ်၊ စုစုပေါင်းအကျယ်ကတော့ (၂၅)ဧကရှိမယ်၊  ဝါးပျိုးပင်တွေကိုတော့ ပျိုးထောင် စုဆောင်းထားရှိပြီး ဖြစ်ပါ တယ်၊ အခုလောလောဆယ်တော့ ဝါးစိုက်မဲ့ နေရာတွေမှာ ကျင်းတူးတာတို့၊ မြေပြင်ခြင်းလုပ်ငန်းတွေကိုလုပ်ဆောင် နေပါတယ်၊ မိုးကျလာရင်တော့ စိုက်ပျိုး နိုင်ဖို့အတွက် ပြင်ဆင်မှုတွေလုပ်ဆောင်ပေးနေပါတယ်’’ ဟု မုံရွာခရိုင် သစ်တော ဦးစီးဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။


ဝါးပျိုးပင်စိုက်ပျိုးမှုအနေဖြင့် မုံရွာမြို့နယ်အတွင်းရှိ ခတက္ကန် ဘုန်းတော်ကြီးကျောင်းဝင်းအတွင်း ဝါးပျိုးပင်(၁၅ဝဝ)ပင်အားလည်းကောင်း၊ ဓမ္မသုခကာရီတောရ ကျောင်းဝင်းအတွင်း ဝါးပျိုးပင် (၂ဝဝဝ)ပင်အား လည်းကောင်း၊ မုံရွာမြို့ သစ်ပါးလွာစက်ရုံဝင်းအတွင်း ဝါးပျိုးပင် (၁၅ဝဝ) ပင်အား လည်းကောင်း၊ မုံရွာမြို့ ဂေါက်ကွင်းအတွင်း ဝါးပျိုးပင်(၂ဝဝဝ)ပင်အားလည်းကောင်း၊ မြို့နယ် သစ်တောရုံးဝင်း (နန္ဒဝန်သစ်တော ပျိုးဥယျာဉ်နှင့် အလုံသစ်တောပျိုးဥယျာဉ်)အတွင်း ဝါးပျိုးပင် (၆ဝဝ)ပင်အားလည်းကောင်း၊ မင်းဒေါင့်ဆိပ်ကမ်း (ချင်းတွင်းဖောင်ဖွဲ့ရေးဝင်းအတွင်း )တွင် ဝါးပျိုးပင်(၂ဝဝဝ)ပင်အားလည်းကောင်း၊ ဓောဓိတထောင် ဆင်စခန်း အတွင်းဝါးပျိုးပင် (၂ဝဝဝ) ပင်အားလည်းကောင်း၊ မုံရွာစီးပွားရေးတက္ကသိုလ်ဝင်းအတွင်း ဝါးပျိုးပင်(၁၄ဝဝ) ပင်အား လည်းကောင်း၊ ဘုတလင်မြို့ရှိ ဌာနဆိုင်ရာ(၁၁)ခု၏ ရုံးဝင်းများအတွင်း ဝါးပျိုးပင် (၂၇ဝ)ပင်အား လည်းကောင်း၊ ပြည်သူလူထုသို့ ဖြန့်ဝေခြင်း ဝါးပျိုးပင် (၂၃ဝ)ပင်တို့အား ဖြန့်ဝေ စိုက်ပျိုးသွားမည် ဖြစ်ကြောင်း သိရသည်။


 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)