ပုဏ္ဏားကျွန်းမြို့၌ မိုခါဆိုင်ကလုန်းမုန်တိုင်းကြောင့် သောက်သုံးရေအခက်အခဲ ဖြစ်နေသည့် ရပ်ကွက်များသို့ နယ်မြေခံတပ်မတော်မှ သောက်သုံးရေများလာရောက်လှူဒါန်း - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပုဏ္ဏားကျွန်းမြို့၌ မိုခါဆိုင်ကလုန်းမုန်တိုင်းကြောင့် သောက်သုံးရေအခက်အခဲ ဖြစ်နေသည့် ရပ်ကွက်များသို့ နယ်မြေခံတပ်မတော်မှ သောက်သုံးရေများလာရောက်လှူဒါန်း






MNP ၊ မေ  ၂၇

     ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့ပေါ်ရပ်ကွက်များ၌ မိုခါဆိုင်ကလုန်းမုန်တိုင်းကြောင့် သောက်သုံးရေအခက်အခဲဖြစ်နေသည့် ပြည်သူများအတွက် သောက်သုံးရေပြတ်လပ်မှုများ မဖြစ်ပေါ်စေရန်  ဗိုလ်မှူးချုပ် ဝင်းမောင်၏ လမ်းညွှန်မှုဖြင့် နယ်မြေခံတပ်တော်မှ ရေဂါလံ (၂၀၀၀)ဆံ့ ရေဘောင်ချာကားကြီးဖြင့် နေ့စဉ်လှူဒါန်းပေးလျက်ရှိပြီး ယနေ့၊ နံနက်ပိုင်းက မြို့သစ်ရပ်ကွက်အတွင်းရှိ ဒေသခံပြည်သူများအား လာရောက်လှူဒါန်းပေးခဲ့သည်။ 


အဆိုပါမုန်တိုင်းဒဏ်ကြောင့် ရေရှားပါးမှုကြုံတွေ့နေရသည့် ပြည်သူများအတွက် တပ်မတော် ရေသယ်ယာဉ်ဖြင့် ရေသန့်ဂါလံ(၂၀၀၀)ဆံ့ Water Bowser ကားကြီးဖြင့် လာရောက်ဖြန့်ဝေပေးနေမှုတို့ကို ဗိုလ်မှူးချုပ် ဝင်းမောင်နှင့်အဖွဲ့က လာရောက်ကြည့်ရှုပြီး၊ လိုအပ်သည့်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။


ထိုနောက် မိုခါမုန်တိုင်းကြောင့် ရေရှားပါးမှု ကြုံတွေ့နေရသည့် ရပ်ကွက်/ ကျေးရွာများ သို့ စဉ်ဆက်မပြတ် ဆက်လက်ဖြန့်ဝေပေးရန် လမ်းညွှန်မှာကြားခဲ့ကြောင်းသိရသည်။


နီထွန်းအောင်

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)