သဖန်းဆိပ်ဆည်အတွင်း KIA/PDF အကြမ်းဖက်အဖွဲ့များအား ဆက်ကြေးပေးပြီး လုပ်ကိုင်နေသော တရားမဝင်ရွှေမျောများအား ဆက်လက်ဖော်ထုတ် ဖမ်းဆီး - Myanmar National Post

Myanmar National Post

News Agency

Breaking

သဖန်းဆိပ်ဆည်အတွင်း KIA/PDF အကြမ်းဖက်အဖွဲ့များအား ဆက်ကြေးပေးပြီး လုပ်ကိုင်နေသော တရားမဝင်ရွှေမျောများအား ဆက်လက်ဖော်ထုတ် ဖမ်းဆီး


MNP ၊ မေ ၂၇

စစ်ကိုင်းတိုင်းဒေသကြီး၊ ကျွန်းလှမြို့နယ်၊ သဖန်းဆိပ်ကျေးရွာအနီးတွင် KIA/PDF အကြမ်းဖက်အဖွဲ့များအား ဆက်ကြေးပေးပြီး လုပ်ကိုင်နေသော တရားမဝင်ရွှေမျှောများအား ၂၄-၅-၂၀၂၃ ရက်နေ့မှ စတင်၍ ဖမ်းဆီးအရေးယူဆောင်ရွက်ခဲ့ရာ ဆက်လက်ဖော်ထုတ် ဖမ်းဆီးလျက်ရှိကြောင်း သိရသည်။

သဖန်းဆိပ်ဆည်အတွင်းတွင် တရားမဝင်ရွှေမျောပေါင်း တစ်ထောင်ကျော် ရှိနေပြီး KIA/PDF အကြမ်းဖက်အဖွဲ့များက ရွှေမျောတစ်ဖောင်လျှင် အနည်းဆုံး ၃သိန်း ဆက်ကြေးကောက်ခံရယူနေပြီး အင်ဂျင်ပါဝါအပေါ်မူတည်၍ တစ်လလျှင် ဆက်ကြေး ၅သိန်း၊ ၁၀သိန်း အထိ ပေးရကြောင်း သိရသည်။

အဆိုပါ တရားမဝင်ရွှေမျောလုပ်ကိုင်နေသူများထဲတွင် ကျွန်းလှ၊ တန့်ဆည်၊ ပင်လည်ဘူး မြို့နယ်များမှ PDF ခေါင်းဆောင်များ ကိုယ်တိုင် လုပ်ဆောင်နေသော ရွှေမျောများလည်း ရှိကြောင်း ဒေသခံများက ဆက်သွယ်ပြောဆိုထားသည်။

ယခုလို အကြမ်းဖက်အဖွဲ့များ လက်နက်ဖြင့် အနိုင်ကျင့် ဗိုလ်ကျ ဆက်ကြေးကောက်ခံရယူပြီး လုပ်ကိုင်နေသည့် လုပ်ငန်းများကို ရှင်းလင်းပေးသည့်အတွက် သက်ဆိုင်ရာတာဝန်ရှိသူများအား ကျေးဇူးတင်လျက်ရှိပြီး အားလုံးကို ပြီးပြတ်အောင် ရှင်းလင်းပေးစေလိုကြောင်း ဆက်သွယ်ပြောဆိုထားသည်။


#MyanmarNationalPost 

#ကျွန်းလှ #သဖန်းဆိပ်ဆည်

#ရွှေမျော #KIA #PDF

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)