ရွှေတောင်မြို့နယ်တွင် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှစိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများလုပ်ကိုင်သူများသို့ မတည်ငွေများ ပေးအပ်ပွဲ အခမ်းအနားကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရွှေတောင်မြို့နယ်တွင် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှစိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများလုပ်ကိုင်သူများသို့ မတည်ငွေများ ပေးအပ်ပွဲ အခမ်းအနားကျင်းပ







MNP ၊ မေ  ၂၇

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ယမန်နေ့ မွန်းလွဲ ၃နာရီအချိန်က နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှစိုက်ပျိုးရေးလုပ်ငန်းနှင့် မွေးမြူရေးလုပ်ငန်းများလုပ်ကိုင်သူများသို့ မတည်ငွေများ ပေးအပ်ပွဲအခမ်းအနားကို ကျင်းပပြုလုပ်ခဲ့သည်။


အခမ်းအနားတွင် ပြည်ခရိုင်၊နိုင်ငံ့စီးပွားမြှင့်တင်ရေး လုပ်ငန်းကြီးကြပ်မှုကော်မတီဥက္ကဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးသိန်းအောင်က အဖွင့်အမှာစကားပြောကြားပြီးမြို့နယ်နိုင်ငံ့စီးပွားမြှင့်တင်ရေး လုပ်ငန်းကြီးကြပ်မှုကော်မတီဥက္ကဌ  ၊မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဟံဝင်းအောင်က  စိုက်ပျိုးရေး / မွေးမြူရေးလုပ်ငန်းလုပ်ကိုင်သူများသို့ မတည်ငွေများထုတ်ချေးပေးမည့်အစီအစဥ်များကိုရှင်းလင်းတင်ပြခဲ့သည်။


         ထို့နောက်  ရွှေတောင်မြို့နယ်အတွင်းရှိ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ စိုက်ပျိုးရေးလုပ်ငန်းနှင့် မွေးမြူရေးလုပ်ငန်းများလုပ်ကိုင်သူများသို့ မတည်ငွေများကို ပြည်ခရိုင် နိုင်ငံ့စီးပွားမြှင့်တင်ရေး လုပ်ငန်းကြီးကြပ်မှုကော်မတီ ဥက္ကဌ ၊ပြည်ခရိုင်အုပ်ချုပ်ရေးမှူး  ဦးသိန်းအောင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်အုပ်ချုပ်ရေးမှူး  ဦးဟံဝင်းအောင်နှင့်အဖွဲ့ဝင်များက စိုက်ပျိုးရေးလုပ်ငန်းလုပ်ကိုင်သည့် ကျေးရွာ ( ၁၇) အုပ်စုရှိ တောင်သူ (၃၁၅)ဦး၏  ဧက (၁၁၀၀)အတွက်  တစ်ဧကလျှင် ( ၂) သိန်းနှုန်းဖြင့် ကျပ်သိန်း ( ၂၂၀၀) ကျပ်၊မွေးမြူရေးလုပ်ငန်းအတွက်အုပ်စု ( ၃) အုပ်စုအတွင်းရှိ အသားတိုးကြက်နှင့် အသားတိုးဝက် မွေးမြူရေးလုပ်ကိုင်သူ (၃) ဦးတို့အား သိန်း (၃၅၀)ကျပ် နှင့် MSMEs စီးပွားရေးလုပ်ငန်းများအတွက် သိန်း (၅၈၀)ကျပ်  စုစုပေါင်း မတည်ထောက်ပံ့ငွေ ကျပ်သိန်းပေါင်း (၃၁၃၀)သိန်းအား ကဏ္ဍအလိုက် အသီးသီးပေးအပ်ခဲ့ကြောင်းသိရသည်။


ကိုကိုမင်း 

 https://t.me/MyanmarNationalPost


















No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)