ရွှေတောင် မြို့နယ်တွင်အထူးသန့်ရှင်းရေးလှုပ်ရှားဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရွှေတောင် မြို့နယ်တွင်အထူးသန့်ရှင်းရေးလှုပ်ရှားဆောင်ရွက်






MNP ၊ မေ  ၂၇

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ် ကြာနီကန်ရပ်ကွက်ရန်ကုန် - ပြည်လမ်း အထကရွှေတောင်ကျောင်းဝန်းအတွင်းရှိစက်မှု၊စိုက်ပျိုး၊မွေးမြူရေးအခြေခံအထက်တန်းကျောင်း၌ ယနေ့နံနက်ပိုင်းကအထူးသန့်ရှင်းရေးလှုပ်ရှားဆောင်ရွက်ခဲ့ကြောင်းသိရသည်။


အဆိုပါအထူးသန့်ရှင်းရေးလှုပ်ရှားဆောင်ရွက်ရာသို့မြို့နယ်စီမံအုပ်ချုပ်ရေးဖွဲ့ဥက္ကဌ ဦးဟံဝင်းအောင်၊မြို့နယ်စီမံအုပ်ချုပ်ရေးဖွဲ့အတွင်းရေးမှူးနှင့် အဖွဲ့ဝင်များ ဦးဆောင်၍ နယ်မြေလုံခြုံရေးအဖွဲ့ဝင်များ၊မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများနှင့်ဝန်ထမ်းများ၊ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ ( သရက်တော၊ကြာနီကန်၊ယွန်းတန်း)  ရပ်ကွက်အုပ်ချုပ်ရေးမှူးများပါအဖွဲ့ဝင်များ စုစုပေါင်းအင်အား ( ၄၆၅) ဦးဖြင့် ပေါင်းမြက်များ၊ချုံနွယ်များ၊ အမှိုက်သရိုက်များ ဖယ်ရှား ရှင်းလင်းခြင်း၊ သစ်ကိုင်းသစ်ခက်များ ခုတ်ထွင်ရှင်းလင်းခြင်းများ ဆောင်ရွက်ပြုလုပ်ခဲ့ပြီး ထွက်ရှိအမှိုက်များအား အမှိုက်သိမ်းယာဥ် သုံးစီးဖြင့် စည်ပင်သာယာအမှိုက်ကန်သို့ စနစ်တကျ စွန့်ပစ်ခဲ့ကြောင်းသိရသည်။


ကိုကိုမင်း 

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)