ကမာရွတ်မြို့နယ်၌ ​လေပြင်းများတိုက်ခတ်၍ ပျက်စီးးဆုံးရှုံးမှုများဖြစ်ပွား - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကမာရွတ်မြို့နယ်၌ ​လေပြင်းများတိုက်ခတ်၍ ပျက်စီးးဆုံးရှုံးမှုများဖြစ်ပွား






MNP ၊ မေ  ၁၅

ရန်ကုန်တိုင်းဒေသကြီး၊ ကမာရွတ်ခရိုင်၊ ကမာရွတ်မြို့နယ်တွင် ယမန်နေ့နံနက်ပိုင်းနှင့်နေ့လယ်အချိန်က အမှတ်(၉)ရပ်ကွက်၊ တက္ကသိုလ်ရိပ်သာလမ်း ရှိ​တက္ကသိုလ်​ဆေးရုံဝင်းအတွင်းဆွယ်​တော်ပင်လဲကျ​နေမှု၊ အမှတ်(၁၀)ရပ်ကွက်ရှိ ဦးဝိစာရလမ်း အမှတ်(၂၉၀)တွင် ခြံဝင်းအတွင်းတရုတ်စကားပင်လဲပြို၍ ​မော်​တော်ယာဥ်​ပေါ် ပိ​နေ၍ရှင်းလင်းခြင်း၊ အမှတ်(၁)ရပ်ကွက်ဆီစက်လမ်းရှိစာရင်းရုံးဝင်းအတွင်းသစ်ကိုင်းကျိုးကျ​နေမှု၊ အမှတ်(၁၀)ရပ်ကွက်၊ဦးဝိစာရလမ်း အမှတ်(၂၇၈) KBZဘဏ်​ရှေ့သရက်ပင်သစ်ကိုင်းကျိုးကျ​နေမှုနှင့် ဘုရင့်​နောင်လူကူတံတား​လေကာမှန်များ​လေပြင်းတိုက်ခတ်မှုကြောင့် ပြုတ်ကျပျက်စီးမှုများဖြစ်ပွားခဲ့သည်။


အဆိုပါသစ်ပင်များနှင့်​လေကာမှန်များပျက်စီးနေမှုအား ကမာရွတ်မြို့နယ် မြို့နယ်အုပ်ချုပ်ရေးဦးစီးမှူးဥက္ကဋ္ဌ ဦးကောင်းမြင့်သူ၊ မြို့နယ်ရဲတပ်ဖွဲ့မှူးနှင့်အဖွဲ့ဝင်များ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ဝင်များ၊ မြို့နယ်ယာဥ်ထိန်းအဖွဲ့ဝင်များနှင့်​ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များပူးပေါင်း၍ ပြည်သူများအေးချမ်းသာစွာဖြင့်မိမိတို့၏​ရပ်ကွက်များတွင် ​​လုံခြုံစိတ်ချစွာ နေထိုင်နိုင်​ရေးမှုရေးနှင့်ခရီးသွားပြည်သူများ လွယ်ကူ​ချော​မြေ့စွာသွားလာနိုင်အတွက် အမြန်ဆုံးရှင်းလင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။ ထိုသို့​နေအိမ်​ဝင်း​အတွင်း မော်​​​တော်ယာဥ်​​ပေါ်သို့ သစ်ပင်များပြိုလဲမှု​ကြောင့်လူနှင့် ပစ္စည်းထိခိုက်ဆုံးရှုံးမှုမရှိ​ကြောင်း သိရပါသည်။


စိမ်းလဲ့ 

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)