ရခိုင်ပြည်နယ်မှ (၁၇)မြို့နယ် ကို သဘာဝဘေးအန္တရာယ်ကျရောက်သော ဒေသများအဖြစ် ကြေညာ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရခိုင်ပြည်နယ်မှ (၁၇)မြို့နယ် ကို သဘာဝဘေးအန္တရာယ်ကျရောက်သော ဒေသများအဖြစ် ကြေညာ



MNP ၊ မေ ၁၅

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ကြေညာချက်အမှတ်၊ ၁ /၂၀၂၃ ဖြင့် ရခိုင်ပြည်နယ်မှ (၁၇)မြို့နယ်ကို သဘာဝဘေးအန္တရာယ် ကျရောက်သော ဒေသများအဖြစ် ကြေညာထားသည်။

ယမန်နေ့ က အားအလွန်ကောင်းသော ဆိုင်ကလုန်းမုန်းတိုင်း မိုခါ ဝင်ရောက်တိုက်ခိုက်သွားရာ ရခိုင်ပြည်နယ်၏ မြို့တော် စစ်တွေမြို့အပါအဝင် မြို့နယ်များတွင် ပျက်စီးဆုံးရှုံးမှု များပြားခဲ့ပြီး ကူညီကယ်ဆယ်ရေးလုပ်ငန်းများ အရေးပေါ် ဆောင်ရွက်လျက်ရှိသည်။

ယနေ့ ၁၅- ၅- ၂၀၂၃ ရက်နေ့တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ က ရခိုင်ပြည်နယ်မှ စစ်တွေမြို့နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်၊ ပေါက်တောမြို့နယ်၊ ရသေ့တောင်မြို့နယ်၊ မောင်တောမြို့နယ်၊ ဘူးသီးတောင်မြို့နယ်၊ ကျောက်ဖြူမြို့နယ်၊ ရမ်းဗြဲမြို့နယ်၊ အမ်းမြို့နယ်၊ တောင်ကုတ်မြို့နယ်၊ မာန်အောင်မြို့နယ်၊ သံတွဲမြို့နယ်၊ ဂွမြို့နယ်၊ မြောက်ဦးမြို့နယ်၊ ကျောက်တော်မြို့နယ်၊ မင်းပြားမြို့နယ်၊ မြေပုံမြို့နယ် တို့ကို သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဥပဒေ ပုဒ်မ ၁၁အရ သဘာဝဘေးအန္တရာယ်ကျရောက်သော ဒေသများအဖြစ် ကြေညာလိုက်ခြင်းဖြစ်သည်။


#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)