​ ရွှေတောင် မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမတွင် စာပေချစ်မြတ်နိုးသူများအသင်း Book Club ဖြင့်မုဒိတာစာဖတ်ဝိုင်းကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

​ ရွှေတောင် မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမတွင် စာပေချစ်မြတ်နိုးသူများအသင်း Book Club ဖြင့်မုဒိတာစာဖတ်ဝိုင်းကျင်းပ





MNP ၊ မေ  ၁၅

  ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင်  ယမန်နေ့  နံနက်ပိုင်းက  စာအုပ်စာပေဝါသနာရှင်များ၊စာပေချစ်မြတ်နိုးသူများအသင်း Book Club  ဖြင့် မုဒိတာ စာဖတ်ဝိုင်းပြုလုပ်ခဲ့ကြောင်း သိရသည်။


      အခမ်းအနားတွင်စာပေချစ်မြတ်နိုးသူများအသင်း (Book Club) ဥက္ကဋ္ဌ ဆရာမကြီး ဒေါ်ခင်ယုနိုင် စာရေးဆရာမ အေပရယ်ယုနိုင် (ရွှေတောင်)က အဖွင့်အမှာစကားပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဦးစီးအရာရှိဒေါ်ငြိမ်းငြိမ်းသန့်က လစဥ်မုဒိတာ စာဖတ်ဝိုင်းပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်း ပြောကြားခဲ့သည် ။


        ထို့နောက်  စာရေးဆရာ မောင်မင်းစိုး ရေးသားသော  "လူငယ်နဲ့ အပြောင်းအလဲ "စာအုပ်ဖြင့် မုဒိတာ စာဖတ်ဝိုင်းကို ဆက်လက်ကျင်းပရာ "လူတွေဖန်တီးပြုလုပ်တဲ့ ပျက်စီးရာပျက်စီးကြောင်း စွမ်းအားပြင်း လက်နက်တွေထဲမှာ ကြောက်စရာအကောင်းဆုံးနဲ့ သတ္တိအကြောင်ဆုံးကတော့ "စကားလုံး"ပဲဖြစ်ပါတယ်"စာအုပ်ပါသိမှတ်ဖွယ်ရာဗဟုသုတများ၊ရသတို့ကို ဆရာကြီး ဦးအုန်းမောင်နှင့် "လူငယ်နဲ့ ပရဟိတစိတ်ဓာတ် ခေါင်းစဉ်ပါ "သူတစ်ပါးအကျိုးကို လုပ်ဆောင်တာဟာလည်း ကိုယ့်အကျိုး အတွက် အားကောင်းတဲ့အထောက်အပံ့ကောင်း တစ်ခု ဖြစိပါတယ်" ဆိုသော အကြောင်းအရာကို ဆရာကြီး ဦးမြင့်ဦးတို့က  ဖတ်ကြားဆွေးနွေးခဲ့ရာ တက်ရောက်လာသည့်စာပေချစ်သူ လူငယ်မောင်မယ်များကအပြန်အလှန်ဆွေးနွေးခဲ့ကြပြီး မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဦးစီးအရာရှိဒေါ်ငြိမ်းငြိမ်းသန့်က ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့သည်။


          စာဖတ်ဝိုင်းပြုလုပ်ခြင်းဖြင့်တက်ရောက်လာသူ များအား စာပေကိုမြတ်နိုးတန်ဖိုးထားတတ်ပြီး စာဖတ်သည့် အလေ့အကျင့်ကောင်းများ မွေးမြူကြရန်နှင့် မျိုးဆက်သစ်စာရေးဆရာများ ပေါ်ပေါက်လာစေရန်ရည်ရွယ်၍  စာဖတ်ဝိုင်းများကို လစဉ်ပုံမှန်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရှိရသည်။


 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)