ရွှေတောင်မြို့နယ်၊ ပေါင်းချုပ်ကျေးရွာအုပ်စုအတွင်း မိုးသည်းထန်စွာရွာသွန်း၍ ရုတ်တရက် လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ်နှစ်လုံး အမိုးလန်မှုဖြစ်ပွား - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရွှေတောင်မြို့နယ်၊ ပေါင်းချုပ်ကျေးရွာအုပ်စုအတွင်း မိုးသည်းထန်စွာရွာသွန်း၍ ရုတ်တရက် လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ်နှစ်လုံး အမိုးလန်မှုဖြစ်ပွား



MNP ၊ မေ  ၁၅

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်တွင် မေ ၁၄ ရက်နေ့  ည( ‌၁၈း ၃၀) နာရီအချိန်ခန့်က မိုးသည်းထန်စွာရွာသွန်း၍  ရုတ်တရက် လေပြင်းတိုက်ခတ်မှုကြောင့် ရွှေတောင်မြို့နယ်၊ ပေါင်းချုပ်ကျေးရွာအုပ်စု၊ အင်္ဂူကျေးရွာနှင့် တဲကြီးကုန်းကျေးရွာ  အတွင်းရှိ လူနေအိမ် ( ၂)လုံး  အမိုးလန် ပျက်စီးခဲ့ကြောင်းသိရသည်။ 


         အဆိုပါ မိုးသည်းထန်စွာရွာသွန်း၍  လေပြင်းတိုက်ခတ်မှုကြောင့် ပေါင်းချုပ်‌ကျေးရွာအုပ်စု၊ အင်္ဂူကျေးရွာမှ   ဦးဇော်မိုး၏နေအိမ် တစ်လုံး နှင့် တဲကြီးကုန်းကျေးရွာနေ  ဦးမောင်လှ ၏ နေအိမ် တစ်လုံး အမိုးလန် ပျက်စီးခဲ့ပြီး စုစုပေါင်းခန့်မှန်းတန်ဖိုးမှာ (၁၅၄၈၀၀) ကျပ်ရှိကြောင်းနှင့်  လေဘေးသင့်၍ နေအိမ်အမိုးလန်ခဲ့သည့် လူနေအိမ်များရှိ မိသားစုများအား ယာယီနေထိုင်နိုင်ရေး၊ အမြန်ဆုံးပြုပြင်နိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဟံဝင်းအောင် ၏ကြီးကြပ်မှုဖြင့် သက်ဆိုင်ရာ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးရုံးမှ တာဝန်ရှိသူများက လိုအပ်သည်များ ကူညီ ဆောင်ရွက်ပေးလျှက် ရှိကြောင်းနှင့် လူနှင့်တိရစ္ဆာန်များ တစ်စုံတစ်ရာ ထိခိုက်ဒဏ်ရာများမရှိကြောင်းသိရသည်။


 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)