ရခိုင်ပြည်နယ်အတွင်းရှိ သဘာဝဘေးဒဏ်သင့်ပြည်သူများအတွက် ကူညီကယ်ဆယ်ရေးပစ္စည်းများနှင့် စားသောက်ဖွယ်ရာပစ္စည်းများအား တပ်မတော်(ရေ)မှ ရေယာဉ်များဖြင့် ဆက်လက်ပို့ဆောင် - Myanmar National Post

Myanmar National Post

News Agency

Breaking

ရခိုင်ပြည်နယ်အတွင်းရှိ သဘာဝဘေးဒဏ်သင့်ပြည်သူများအတွက် ကူညီကယ်ဆယ်ရေးပစ္စည်းများနှင့် စားသောက်ဖွယ်ရာပစ္စည်းများအား တပ်မတော်(ရေ)မှ ရေယာဉ်များဖြင့် ဆက်လက်ပို့ဆောင်


MNP ၊ မေ ၂၄

ရခိုင်ပြည်နယ်အတွင်းရှိ သဘာဝဘေးဒဏ်သင့်ပြည်သူများအတွက် ကူညီကယ်ဆယ်ရေးပစ္စည်းများ၊ ပြန်လည်ထူထောင်ရေးပစ္စည်းများနှင့် စားသောက်ဖွယ်ရာပစ္စည်းများကို တပ်မတော်ရေယာဉ်များ၊ လေယာဉ်/ရဟတ်ယာဉ်များ၊ မော်တော်ယာဉ်များဖြင့် နေ့စဉ်ပို့ဆောင်ပေးလျက်ရှိသည်။

ထိုသို့ ပို့ဆောင်ပေးလျက်ရှိရာ ယနေ့နေ့လယ်ပိုင်းတွင် တပ်မတော်(ရေ)မှ ၂၉ မီတာ ကမ်းထိုးရေယာဉ်ပထမအစီးသည် ဆိုလာ ၂၀၀ စုံ၊ GroundSheet များ၊ ရွက်ဖျင်တဲများ၊ အိပ်ရာခင်းများ၊ အဝတ်အထည်များ၊ စားသောက်ဖွယ်ရာပစ္စည်းများ၊ ပြည်လည်ထူထောင်ရေးအသုံးအဆောင်ပစ္စည်းများ၊ ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းများ၊ စုစုပေါင်းကုန်တန်ချိန် ၄၅ တန်ခန့်တို့အား စစ်တွေကမ်းထိုးရပ်၌ တင်ဆောင်၍ ရသေ့တောင်သို့လည်းကောင်း၊ ၂၉ မီတာ ကမ်းထိုးရေယာဉ် ဒုတိယအစီးသည် ကယ်ဆယ်ရေးအဖွဲ့များ၊ သွပ်ဆိုဒ်စုံ ၆၀၀၀ ချပ်၊ မိုးကာတဲ ၄၂ ထုပ်၊ မိုးကာလိတ် ၁၂၅ လိတ် စုစုပေါင်းကုန်တန်ချိန် ၄၂ တန်ခန့်တို့အား မင်းဂံကမ်း ထိုရပ်မှတင်ဆောင်၍ ရသေ့တောင်သို့လည်းကောင်း၊ ၂၉ မီတာ ကမ်းထိုးရေယာဉ်တတိယအစီးသည် ဆောက်လုပ်ရေးလုပ်ငန်းသုံး backhoe ၃ စီး၊ ရိက္ခာထုပ် ၁၉၂ ထုပ်နှင့် စားသောက်ကုန်များစုစုပေါင်းကုန်တန်ချိန် ၁၁ တန်ခန့်တို့အားတင်ဆောင်၍ ရေချမ်းပြင်ကမ်းထိုးရပ်မှ ရသေ့တောင်ကမ်းထိုးရပ်သို့လည်းကောင်း၊ ၅၆ မီတာ ကမ်းထိုးရေယာဉ်တစ်စီးသည်ကယ်ဆယ်ရေးအဖွဲ့များ၊ ဆောက်လုပ်ရေးလုပ်ငန်းသုံးယာဉ် WHEEL LOADER ၁ စီး၊ EXCAVATOR ၃ စီး စုစုပေါင်းကုန်တန်ချိန် ၃၀ တန်ခန့်တို့အား အငူမော်ကမ်းထိုးရပ်၌ တင်ဆောင်၍ စစ်တွေမြို့သို့လည်းကောင်း အသီးသီးပို့ဆောင်ပေးခဲ့ကြသည်။

အလားတူ ထောက်ပံ့ရေးရေယာဉ်(ပြည်တော်အေး-၃)သည် မြန်မာ့စီးပွားရေး ကော်ပိုရေးရှင်းမှ သွပ်(၁၁လိုင်း) ၅၀,၀၀၀ ချပ်၊ သွပ်(၉လိုင်း) ၁၈,၆၇၅ ချပ်၊ SIGMA မီးကြိုးခွေ ၂၉၄ ထုပ်၊ လူသုံးကုန်ပစ္စည်းများ၊ သံ ၁,၁၄၀ ဖာ၊ အချိုရည်မျိုးစုံ ၈၀ ဖာ၊ သောက်ရေသန့်ဘူးခွံကြီး ၅၅၀ ဘူး၊ စစ်အင်ဂျင်နီယာညွှန်ကြားရေးမှူးရုံးမှ Angle ချောင်းများ၊ U Beam သံချောင်းများနှင့် သွပ်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ  စားသောက်ဖွယ်ရာပစ္စည်းများ၊ မြန်မာ့စီးပွားရေးဦးပိုင်အများနှင့် သက်ဆိုင်သောကုမ္ပဏီလီမိတက်မှ သောက်ရေသန့်ဘူးများ၊ စားသောက်ဖွယ်ရာပစ္စည်းများ၊ မိုးကာအင်္ကျီ၊ ဆေးပစ္စည်းများ၊ Wet Tissue၊ မီးဖိုချောင်သုံးပစ္စည်းများ၊ စားသုံးဆီနှင့် ဆန်၊  ရွှေသံလွင်ကုမ္ပဏီမှ မီးဖိုချောင်သုံးပစ္စည်းများ၊  ဆန်အိတ် ၈၀၀ အိတ်၊ မီးစက် ၁ လုံးနှင့် စားသောက်ဖွယ်ရာပစ္စည်းများ၊ ဆက်သွယ်ရေးဌာနမှ မီးစက် ၁၂ လုံး၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ Gas (LPG) မီးဖို ၁၀၀၀ လုံး၊ 220g Gas ဘူး ၄,၀၀၄ လုံး စုစုပေါင်းကုန်တန်ချိန် ၆၉၆ တန်ခန့်တို့အား တင်ဆောင်၍ ယနေ့ညနေပိုင်းတွင် ရန်ကုန်မြို့မှ စစ်တွေမြို့သို့ ထွက်ခွာခဲ့သည်။

အဆိုပါ စစ်ရေယာဉ်များမှ သယ်ဆောင်လာသည့် ဆောက်လုပ်ရေးလုပ်ငန်းသုံးယာဉ်များ၊ ထောက်ပံ့ရေးနှင့်ကယ်ဆယ်ရေးပစ္စည်းများအား တာဝန်ရှိသူများထံသို့ စနစ်တကျလွှဲပြောင်းပေးအပ်ခဲ့ပြီး မုန်တိုင်းဒဏ်သင့်ပြည်သူများထံသို့ အမြန်ဆုံးဖြန့်ဝေပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။


#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)