ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး မောင်မောင်အေး အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်တပ်နယ်များ၏ ပျက်စီးဆုံးရှုံးမှုများဖြစ်ပေါ်ခဲ့သည့် တပ်ရင်း/တပ်ဖွဲ့များအား ကြည့်ရှု့စစ်ဆေးပြီး ပြန်လည်တည်ဆောက်ရေးအတွက် လိုအပ်သည်များပေါင်းစပ်ညှိနှိုင်း - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး မောင်မောင်အေး အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်တပ်နယ်များ၏ ပျက်စီးဆုံးရှုံးမှုများဖြစ်ပေါ်ခဲ့သည့် တပ်ရင်း/တပ်ဖွဲ့များအား ကြည့်ရှု့စစ်ဆေးပြီး ပြန်လည်တည်ဆောက်ရေးအတွက် လိုအပ်သည်များပေါင်းစပ်ညှိနှိုင်း




MNP ၊ မေ ၂၄

ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်တွင် ရောက်ရှိနေသော ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ)ဗိုလ်ချုပ်ကြီး မောင်မောင်အေးသည် ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး ဖုန်းမြတ်၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ထင်လတ်ဦးနှင့် တာဝန်ရှိသူများလိုက်ပါလျှက် ယနေ့နံနက်ပိုင်းတွင် မင်းပြားတပ်နယ်ရှိ မုန်တိုင်းသင့်၍ပျက်စီးခဲ့သော နယ်မြေခံတပ်ရင်း၊ တပ်ဖွဲ့များရှိ အဆောက်အဦများအား လိုက်လံကြည့်ရှုစစ်ဆေးကာ ပြန်လည်ပြုပြင်တည်ဆောက်နိုင်ရေးမှာကြားခဲ့ပြီး အိမ်ထောင်သည်ရဲမေများအား တွေ့ဆုံအားပေးစကားပြောကြားကာ အခြေခံစားသောက်ကုန်ပစ္စည်းများ၊ မီးဖိုချောင်သုံးပစ္စည်းများ၊ ကြက်ဥနှင့် ခေါက်ဆွဲခြောက်များပေးအပ်သည်။

ထို့နောက် ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ ရေ၊ လေ)နှင့်အဖွဲ့သည် အဆိုပါ တပ်နယ်တပ်ရင်းများ၌ မွေးမြူထားသည့် ဥစားကြက်မွေးမြူရေးခြံနှင့် ဝက်မွေးမြူရေးခြံတို့သို့ သွားရောက်ကြည့်ရှုစစ်ဆေးကာ ဥစားကြက်များ၏  ဥနှုန်းများသတ်မှတ်နှုန်းထား ပြန်လည်ပြည့်မီနိုင်ရေး စီမံဆောင်ရွက်သွားရန်၊ အစာပြတ်လပ်မှုမရှိစေရေး စီမံဆောင်ရွက်ရန်နှင့် အခြားလိုအပ်သည်များမှာကြားသည်။

ဆက်လက်၍ ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ ရေ၊ လေ)နှင့်အဖွဲ့သည် ပုဏ္ဏားကျွန်းမြို့နယ် နယ်မြေခံတပ်ရင်း၏ မုန်တိုင်းသင့်၍ပျက်စီးခဲ့သော အဆောက်အဦများအား ပြန်လည်ပြုပြင်တည်ဆောက်နေမှုများအား ကြည့်ရှုစစ်ဆေး၍ ပျက်စီးမှုရာခိုင်နှုန်းများအလိုက် ဦးစားပေးအဆင့်သတ်မှတ်ကာ ပြန်လည်ပြင်ဆင်တည်ဆောက်သွားရန် မှာကြားခဲ့ပြီးအိမ်ထောင်သည်ရဲမေ၊ မိသားစုဝင်များအားတွေ့ဆုံ၍ အားပေးစကားပြောကြားကာ အခြေခံစားသောက်ကုန်ပစ္စည်းများ၊ မီးဖိုချောင်သုံးပစ္စည်းများ၊ ကြက်ဥနှင့် ခေါက်ဆွဲခြောက်များ ပေးအပ်သည်။

ထို့နောက် ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ ရေ၊ လေ)နှင့်အဖွဲ့သည် ရသေ့တောင်တပ်နယ်သို့ ရောက်ရှိရာ တာဝန်ရှိသူများမှကြိုဆိုကြသည်။ ထို့နောက် ရသေ့တောင်တပ်နယ်ရှိ မုန်တိုင်းသင့်၍ပျက်စီးခဲ့သော နယ်မြေခံတပ်ရင်း၊ တပ်ဖွဲ့များရှိ အဆောက်အဦများအား လိုက်လံကြည့်ရှုစစ်ဆေး၍ ဦးစားပေးအဆင့် သတ်မှတ်ချက်များအလိုက် အမြန်ဆောက်လုပ်ပေးသွားရန်မှာကြားခဲ့ပြီး အိမ်ထောင်သည်ရဲမေ၊ မိသားစုဝင်များ အား တွေ့ဆုံ၍အားပေးစကားပြောကြားကာ အခြေခံစားသောက်ကုန်ပစ္စည်းများ၊ မီးဖိုချောင် သုံးပစ္စည်းများ၊ ကြက်ဥနှင့် ခေါက်ဆွဲခြောက်များပေးအပ်သည်။ ယင်းနောက် ရသေ့တောင်မြို့တွင် ရောက်ရှိနေသော တပ်မတော်မှ ကြိုတင်စုဖွဲ့စေလွှတ်ထားသည့် ကူညီကယ်ဆယ်ရေးအဖွဲ့များ၏ ကူညီကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်နေမှုကို သွားရောက်ကြည့်ရှုအားပေးပြီး ၎င်းအဖွဲ့တွင်ပါဝင်သည့် ရေသန့်ယာဉ်များမှ ရေသန့်ထုတ်လုပ်နေမှုများနှင့် ရသေ့တောင်မြို့အတွင်း ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ရသေ့တောင်မြို့၊ မြသာကန်အတွင်းမှရေများကို ရေသန့်ယာဉ်များဖြင့် သန့်စင်၍ပေးဝေနေမှုများကို သွားရောက်ကြည့်ရှုအားပေးပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။

ထို့နောက် ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ ရေ၊ လေ)နှင့်အဖွဲ့သည် ယနေ့မွန်းလွဲပိုင်းတွင် စစ်တွေမြို့သို့ ရောက်ရှိရာ တာဝန်ရှိသူများကကြိုဆိုကြသည်။ ယင်းနောက် စစ်တွေတပ်နယ်ရှိ မုန်တိုင်းဒဏ်သင့်၍ပျက်စီးခဲ့သော တပ်ရင်းတပ်ဖွဲ့များရှိ အဆောက်အဉီများအား လိုက်လံကြည့်ရှုကာ မိုးမကျမီ တပ်ရင်း၊ တပ်ဖွဲ့မိသားစုများ အဆင်ပြေချောမွေ့စွာပြန်လည် နေထိုင်နိုင်ရေးအတွက်  ပြုပြင်ရေးလုပ်ငန်းများကို အမြန်ဆုံး ဉီးစားပေးအဆင့်အလိုက် ဆောင်ရွက်သွားကြရန်မှာကြားပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။ ယင်းနောက် တပ်ရင်း၊ တပ်ဖွဲ့များရှိ အရာရှိ၊ စစ်သည်၊ မိသားစုဝင်များအား ရင်းရင်းနှီးနှီးတွေ့ဆုံ အားပေးစကားပြောကြားကာ အခြေခံ စားသောက်ကုန်ပစ္စည်းများ၊ မီးဖိုချောင်သုံးပစ္စည်းများ၊ ကြက်ဥနှင့် ခေါက်ဆွဲခြောက်များပေးအပ်သည်။

ဆက်လက်ပြီး ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ရေ၊လေ)နှင့်အဖွဲ့ဝင်များသည် စစ်တွေမြို့ရှိ နယ်မြေခံတပ်မတော်ဆေးရုံသို့ရောက်ရှိကာ ထိခိုက်ပျက်စီးခဲ့မှုများအား ကြည့်ရှုပြီး လိုအပ်သည်များမှာကြားသည်။ ယင်းနောက် ဆေးရုံတွင် တက်ရောက်ကုသမှုခံယူလျက်ရှိသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် မိသားစုများအားရင်းရင်းနှီးနှီး တွေ့ဆုံအားပေးစကားပြောကြားကာ စားသောက်ဖွယ်ရာပစ္စည်းများ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။


#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)