သထုံခရိုင်ပြည်သူ့စာကြည့်တိုက် လူထုအခြေပြုဗဟိုဌာန၌ ဆပ်ပြာဆီပြုလုပ်နည်းသင်တန်း ဖွင့်လှစ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

သထုံခရိုင်ပြည်သူ့စာကြည့်တိုက် လူထုအခြေပြုဗဟိုဌာန၌ ဆပ်ပြာဆီပြုလုပ်နည်းသင်တန်း ဖွင့်လှစ်






MNP ၊ မေ  ၁၈

မွန်ပြည်နယ်၊ သထုံခရိုင်ပြည်သူ့စာကြည့်တိုက်ရှိ လူထုအခြေပြုဗဟိုဌာနတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်အမျိုးသမီးအသင်းအဖွဲ့(Women Club)တို့ပူးပေါင်း၍ အိမ်တွင်းသက်မွေး ဆပ်ပြာဆီပြုလုပ်နည်းသင်တန်းကို ယနေ့ နံနက်ပိုင်းက စတင်ဖွင့်လှစ်သင်ကြားပေးခဲ့ကြောင်း သိရသည်။


သင်တန်းဖွင့်ပွဲတွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်လှလှဌေးက အမျိုးသမီးများအနေဖြင့် အိမ်တွင်းတနိုင်တပိုင် ဆပ်ပြာဆီပြုလုပ်နိုင်ခြင်းဖြင့် မိသားစုစားဝတ်နေ‌ရေး အထောက်အပံ့ဖြစ်နိုင်ရန် ရည်ရွယ်ပါကြောင်း ၎င်းအပြင် အမျိုးသမီးများအတွက် အခြားသော အိမ်တွင်းသက်မွေးလုပ်ငန်းများကို ထပ်မံဖွင့်လှစ်ပေးနိုင်ရန် မျှော်မှန်းထားပါကြောင်း ရှင်းလင်းအမှာစကား ပြောကြားသည်။


သင်တန်းတွင် မြို့နယ်အမျိုးသမီးအသင်းအဖွဲ့(Women Club) ဥက္ကဋ္ဌ ဒေါ်ခင်သိန်းက ဈေးကွက်အတွင်း လွယ်လင့်တကူဝယ်ယူရရှိနိုင်သော ဆပ်ပြာဆီပြုလုပ်သည့် ကုန်ကြမ်းပစ္စည်းများနှင့် အသုံးပြုပုံများကို ရှင်းလင်းပြောကြားပြီး ရေချိုးဆပ်ပြာ၊ မျက်နှာသစ်ဆပ်ပြာနှင့် ဘက်စုံသုံးဆပ်ပြာဆီ ပြုလုပ်နည်းအဆင့်ဆင့်တို့ကို စာတွေ့လက်တွေ့ သင်ကြားပြသပေးခဲ့သည်။


အဆိုပါသင်တန်းသို့ သထုံမြို့နယ်အမျိုးသမီးအသင်းအဖွဲ့(Women Club)မှ အဖွဲ့ဝင် အမျိုးသမီး ၁၅ ဦးတို့ တက်ရောက်ကြပြီး တစ်ရက်ကြာ ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။


 https://t.me/MyanmarNationalPost





No comments:

Post a Comment