မြစ်သားမြို့၌ အခြေခံဗုဒ္ဓဘာသာ ယဉ်ကျေးမှုသင်တန်းဆင်းပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မြစ်သားမြို့၌ အခြေခံဗုဒ္ဓဘာသာ ယဉ်ကျေးမှုသင်တန်းဆင်းပွဲကျင်းပ


MNP ၊ မေ  ၁၈

မန္တလေးတိုင်းဒေသကြီး၊  ကျောက်ဆည်ခရိုင်၊  မြစ်သားမြို့၌  အခြေခံဗုဒ္ဓဘာသာယဉ်ကျေးမှု သင်တန်းဆင်းပွဲကို ယနေ့နံနက်(၉)နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။


ရှေးဦးစွာသင်တန်းဆင်းပွဲတွင် စည်းကမ်းထိန်းသိမ်းရေးကော်မတီဥက္ကဌ ဒေါ်ဝါဝါစန်းက သင်တန်းဆင်းအမှာစကား ပြောကြားသည်။ ထို့နောက် သင်တန်းနည်းပြဆရာမများမှ လူငယ်မောင်မယ်များအနေဖြင့် အန‌န္တော အနန္တ(၅)ပါးကို ယုံကြည်သက်ဝင်မှုများ တိုးပွားလာစေရန်၊ ဗုဒ္ဓဘာသာ၏ အခြေခံသဘောတရားများကို သိရှိစေရန်နှင့် ကိုယ်၊ စိတ်၊ နှလုံး(၃)ပါးလုံး ယဉ်ကျေးသိမ်မွေ့လာစေရန်နှင့် ဘာသာ၊ စာရိတ္တ၊ ယဉ်ကျေးမှုအကြောင်းအရာများ၊ ဗုဒ္ဓ၊ ဗုဒ္ဓဘာသာ၊ ဗုဒ္ဓဘာသာဝင်၊ ဗုဒ္ဓဝင်အကျဉ်း၊ မပြစ်မှားထိုက်သောခင်ပွန်းကြီး (၁၀)ပါး၊ ဘုရားရှိခိုးခြင်း၊ ဆွမ်း၊ ရေချမ်း၊ ပန်း၊ ဆီမီးကပ်နှင့်ဆုတောင်း၊ မေတ္တာပို့ခြင်း၊ ရတနာသုံးပါးကျေးဇူး၊ ကံ ကံ၏အကျိုး၊ ဒုစရိုက် သုစရိုက်အကြောင်း၊ မင်္ဂလသုတ်မှအခြေခံသိသင့်သိထိုက်သော မင်္ဂလာကဗျာများ စသည့်သင်ခန်းစာများကို သင်ကြားပို့ချခဲ့သည်။


သင်တန်းဆရာမများဖြစ်သည့်  စည်းကမ်းထိန်းသိမ်းရေးကော်မတီ သင်တန်းနည်းပြဆရာမ (၁)ဦး နှင့်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန သင်တန်းနည်းပြဆရာမ (၁)ဦး၊ ပညာရေးဦးစီးဌာနမှ သင်တန်းနည်းပြဆရာမ(၂)ဦး စုစုပေါင်း(၄)ဦးဖြင့် သင်ကြားပို့ချခဲ့သည်။


အဆိုပါ   သင်တန်းဆင်းပွဲသို့ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မိသားစုစည်းရုံးရေးနှင့် စည်းကမ်းထိန်းသိမ်းရေးကော်မတီအဖွဲ့ဝင်များ၊ မိခင်နှင့်ကလေးအဖွဲ့ဝင်များ၊ အမျိုးသမီးရေးရာ အဖွဲ့ဝင်များ၊ လူငယ်မောင်မယ်များ တက်ရောက်ကာ သင်တန်းကာလကို မေလ(၁၅)ရက်နေ့မှ(၁၈)ရက်နေ့အထိ (၄)ရက်ကြာ စာတွေ့၊လက်တွေ့ သင်ကြားပို့ချပေးခဲ့ကြောင်း သိရသည်။


ဝင်းမင်းထွန်း 

 https://t.me/MyanmarNationalPost




No comments:

Post a Comment