သီပေါမြို့နယ်တွင် လူငယ်နှင့်ရည်မှန်းချက် အသိပညာပေးဆွေးနွေးပွဲ (Talk Show) ပြုလုပ် ဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

သီပေါမြို့နယ်တွင် လူငယ်နှင့်ရည်မှန်းချက် အသိပညာပေးဆွေးနွေးပွဲ (Talk Show) ပြုလုပ် ဆောင်ရွက်


MNP ၊ မေ  ၁၈

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန  လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယနေ့ မွန်းလွဲ(၁)နာရီက လူငယ်နှင့်ရည်မှန်းချက် အသိပညာပေးဆွေးနွေးပွဲ (Talk Show) ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။


ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ခင်နီလာစိုးက အသိပညာပေးဆွေးနွေးပွဲ (Talk Show) ပြုလုပ် ဆောင်ရွက်ရသည့် ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားခဲ့ပြီး လူငယ်များအတွက် ပညာရေးသည် အဓိကရည်မှန်းချက်ဖြစ်ကြောင်း၊ ပညာဆိုရာမှ စာပေသာမက အသိပညာ၊ အတတ်ပညာ၊ အသက်မွေးဝမ်းကျောင်းလုပ်ငန်းပညာ၊ စီမံခန့်ခွဲမှုပညာ စသည်ဖြင့် ပညာရပ်အမျိုးမျိုးရှိပါကြောင်း၊ လူငယ်ဘဝ ပညာသင် အရွယ်မှစ၍ မိမိဝါသနာ၊ ဗီဇစရိုက်နဲ့ကိုက်ညီတဲ့ ရည်မှန်းချက်များရှိရမှာဖြစ်ကြောင်း၊ ထိုရည်မှန်းချက်ကို အဓိကထားပြီး ကြိုးစားရမှာဖြစ်ကြောင်း၊ တန်ဖိုးရှိတဲ့ အချိန်တွေ အလကားမဖြစ်စေဘဲအကျိုးရှိစွာ ကုန်ဆုံးစေလိုကြောင်း၊ ရည်မှန်းချက်ရှိသူနဲ့မရှိသူမှာ ဘဝတိုးတက်မှု ကွာခြားပါကြောင်းစသည်ဖြင့် အသိပညာပေး ဆွေးနွေးခဲ့သည်။      


ဆက်လက်၍ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်နန်းသိင်္ဂီစိုးက လူတစ်ယောက်ရဲ့ ရည်မှန်းချက်ဟာ အဲ့ဒီလူရဲ့ ကြိုးစားအားထုတ်မှု ပေါ်တွင်လည်း မူတည်ပါကြောင်း၊ ရည်မှန်းချက်သာရှိတယ် ဘာတစ်ခုမှ မကြိုးစားဘဲပေါ့ပေါ့နေပေါ့ပေါ့စား နေမယ်ဆိုရင်လည်း တိုးတက်မှုမရှိနိုင်ပါကြောင်း၊ ရည်မှန်းချက် ထားရှိတဲ့အတိုင်း မဖြစ်မနေ ဇွဲ၊ လုံ့လ၊ ဝီရိယတို့ အားစိုက်ထုတ်ပါမှ ရည်မှန်းချက်ပန်းတိုင်ရောက်မှာ ဖြစ်ပါကြောင်း စသည်ဖြင့်အသိပညာပေး ဆွေးနွေးခဲ့ကြောင်း သိရသည်။


သီပေါမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြည်သူများ အသိပညာဗဟုသုတရရှိစေရန်   သက်ဆိုင်ရာကဏ္ဍများအလိုက်   အသိပညာပေးဆွေးနွေးပွဲ (Talk Show) များကို ဌာနဆိုင်ရာများ၊ အသင်းအဖွဲ့များနှင့်ပူးပေါင်း၍ လစဉ်ပြုလုပ်ဆောင်ရွက် ပေးလျက်ရှိကြောင်းနှင့် အဆိုပါ အသိပညာပေးဆွေးနွေးပွဲ (Talk Show) များကို သီပေါမြို့နယ်ရုံးမှ ဖွင့်လှစ်ထားသောWe Love Hsipaw Facebook Page တွင် လွှင့်တင်ပေးသွားမည် ဖြစ်ကြောင်း သိရသည်။


ခင်လေး

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)