ကျောက်ဖြူမြို့၌ မိုခါမုန်တိုင်းဘေးဒဏ်ခံရသည့် ဒေသခံပြည်သူများအား အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်၊ နယ်လှည့်ဆေးကုသရေးအဖွဲ့မှ ကျန်းမာရေးစောင့်ရှောက်မှုများ အခမဲ့ဆောင်ရွက် - Myanmar National Post

Myanmar National Post

News Agency

Breaking

ကျောက်ဖြူမြို့၌ မိုခါမုန်တိုင်းဘေးဒဏ်ခံရသည့် ဒေသခံပြည်သူများအား အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်၊ နယ်လှည့်ဆေးကုသရေးအဖွဲ့မှ ကျန်းမာရေးစောင့်ရှောက်မှုများ အခမဲ့ဆောင်ရွက်






MNP ၊ မေ  ၁၈

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့၌ မိုခါမုန်တိုင်းဘေးဒဏ်ခံရသည့် ဒေသခံပြည်သူများကို အနောက်ပိုင်း တိုင်းစစ်ဌာနချုပ်၊ နယ်လှည့်ဆေးကုသရေးအဖွဲ့မှ ပါရဂူများ၊ အထွေထွေရောဂါကုသမှု ဆရာဝန်များနှင့် သူနာပြုများပါဝင်သော ဆေးကုသရေးအဖွဲ့က ယနေ့ နံနက်ပိုင်းက ကျောက်ဖြူမြို့၊ ငလပွေ့ရပ်ကွက်၊ အခြေခံပညာအလယ်တန်းကျောင်းတွင် ကျန်းမာရေးစောင့်ရှောက်မှုများအား အခမဲ့ဆောင်ရွက်ပေးလျက် ရှိသည်။ 


ထိုသို့ဆောင်ရွက်ပေးလျက်ရှိရာတွင် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်၊ နယ်လှည့်ဆေးကုသရေးအဖွဲ့မှ ခွဲစိတ်အထူးကုပါရဂူ ဗိုလ်ကြီးထင်လင်း၊ အထွေထွေရောဂါကုသမှုဆရာဝန် ဗိုလ်ကြီးကျော်စံဝင်းနှင့် သူနာပြုများပါဝင်သည့်အဖွဲ့သည် ကျောက်ဖြူမြို့၊ ငလပေွ့ရပ်ကွက်ရှိ မိုခါမုန်တိုင်းတိုက်ခတ်မှုကြောင့် လေပြင်းဒဏ်ခံစားခဲ့ရသောပြည်သူများအား ဆေးကုသမှုအခက်အခဲမရှိစေရန်အတွက် ကျန်းမာရေးစောင့်ရှောက်မှုများကို အခမဲ့ဆောင်ရွက်ပေးလျက်ရှိရာ သွားနှင့်ခံတွင်းရောဂါခံစားနေရသူများ၊ မျက်စိဝေဒနာခံစားနေရသူများ၊ နာမကျန်းဖြစ်နေသူများနှင့် ကလေးသူငယ်များမှ လာရောက်၍ ဆေးကုသမှုခံယူလျက်ရှိပြီး နယ်လှည့်ဆေးကုသရေးအဖွဲ့မှ ဆရာဝန်များနှင့်တာဝန်ရှိသူများက လိုအပ်သည့် ဆေးဝါးများနှင့် ဆေးကုသပေးမှုများ (အခမဲ့) ဆောက်ရွက်ပေးလျှက်ရှိသည်။


အဆိုပါ ကျန်းမာရေးစောင့်ရှောက်မှုများဆောင်ရွက်ရာသို့ ကျောက်ဖြူတပ်နယ်ဗျူဟာမှူး၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးရဲလင်းမောင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးမင်းထွဏ်းနှင့် အဖွဲ့ဝင်များမှ လှည့်လည်ကြည့်ရှုပြီး အားပေးစကားများပြောကြားကာ လူတစ်ယောက်လျှင် (၇)ရက်စာ အမယ်(၅)မျိုးပါရှိသည့် ဆန်ရိက္ခာထုတ်နှင့် Nay Pyi Taw ရေသန့် တစ်ကဒ်စီ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။ 


တင်ထွန်းဦး

 https://t.me/MyanmarNationalPost















No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)