မောင်တောမြို့မှာ ပျက်စီးဆုံးရှုံးမှု ၁၀ရာခိုင်နှုန်းခန့်သာ ရှိပြီး လိုင်းပေါ်တွင် ဖြန့်ဝေထားသော ရုပ်သံဖိုင်မှာ ၂၀၁၆ က ဟု သိရ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မောင်တောမြို့မှာ ပျက်စီးဆုံးရှုံးမှု ၁၀ရာခိုင်နှုန်းခန့်သာ ရှိပြီး လိုင်းပေါ်တွင် ဖြန့်ဝေထားသော ရုပ်သံဖိုင်မှာ ၂၀၁၆ က ဟု သိရ






MNP ၊ မေ ၁၈

ရုပ်ရှင်နှင့် ဗီဒီယိုသရုပ်ဆောင် ဝေဠုကျော် ဦးဆောင်သော ဝေဠုကျော်ဖောင်ဒေးရှင်း က မိုခါမုန်တိုင်းဒဏ်သင့် ရခိုင်ပြည်နယ်သို့ သွားရောက်၍ ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိရာ မောင်တောမြို့အခြေအနေနှင့် ပတ်သက်၍ ပျက်စီးဆုံးရှုံးမှုမှာ ၁၀ရာခိုင်နှုန်းခန့်သာ ရှိပြီး လိုင်းပေါ်တွင် ဖြန့်ဝေနေသည့် ရုပ်သံမှာ ၂၀၁၆ က ဖြစ်ကြောင်း ယနေ့ ရေးသားဖော်ပြထားသည်။

ဝေဠုကျော် ဖောင်းဒေးရှင်းက "မောင်တော သို့ရောက်ရှိ၊ အများစိတ်ပူနေကြတဲ့ထဲမှာပါတဲ့ မောင်တောမြို့မှာ ပျက်စီးမှုအနည်းငယ် ၁၀% မျှသာရှိပါတယ်။ ( လိုင်းပေါ်တွင်တက်နေသည့် ရုပ်သံဖိုင်မှာ 2016 ကဟု သိရ )။ မောင်တောမြို့နယ် ကျောက်ပန်းဒူ နှင့် အချို့ရွာအနည်းငယ်သာ ပျက်စီးမှုများပြီး ရသေ့တောင်မြို့နယ်အတွင်းမှ ရွာများပျက်စီးမှုပိုတယ်ဟုသိရပါတယ်။ ဒုံးပိုက်ရွာတွင် သေဆုံးသူ ၁၃ ဦးရှိပြီး အိမ်များအားလုံး ပြိုပျက်သွားပါတယ်၊ အရေးပေါ်လိုအပ်နေတာတွေကို မောင်တောမြို့မှာ လိုက်လံဝယ်ယူနေပါပြီ ဒီနေ့အရောက်ပို့ပေးကူညီပါ့မယ်။ လိုင်းမိတဲ့နေရာရောက်လျှင် ဆက်လက်တင်ပြပေးပါ့မယ်။" ဟု ရေးသား ဖော်ပြထားသည်။

ဝေဠုကျော်ဖောင်ဒေးရှင်းအနေဖြင့် မုန်းဒဏ်သင့် ပြည်သူများကို ကူညီဆောင်ရွက်နိုင်ရန် ၁၂-၅-၂၀၂၃ ရက်နေ့မှစ၍ ရန်ကုန်မှ ထွက်ခွါခဲ့ပြီး ကျောက်တော်၊ စစ်တွေတို့တွင် ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ကူညီဆောင်ရွက်ပေးခဲ့ပြီး မောင်တောမြို့သို့ ရောက်ရှိနေသည့် အခြေအနေကို ရေးသားတင်ပြထားခြင်းဖြစ်သည်။


#MyanmarNationalPost

No comments:

Post a Comment