MNP ၊ မေ ၁၈
ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်တွင် ဒူးရင်းသီးများ ယခုနှစ်တွင် နွေရာသီရက်ကြာရှည်မှုကြောင့် ဒူးရင်းသီး မနှစ်ကထက် အသီးထွက်ရှိနှုန်းနည်းသော်လည်း ဈေးကောင်းရရှိလျက်ရှိသည်။
ဒူရင်းသီးစတင်ပေါ်သည့် ဧပြီလတွင် ဈေးကွက်တင်ရောင်းချကြပြီး လက်ရှိအချိန်တွင်အလုံးကြီး တစ်လုံး ခြောက်ထောင်နှင့် ငါးထောင်ကျပ်စျေးဝန်းကျင် ရရှိကြောင်း၊ ဒူးရင်းသီးအလတ်စားနှင့် အငယ်စားမှာ နှစ်ထောင်ကျပ်မှ တစ်ထောင်ကျပ် စျေးခန့်ဝယ်ယူရရှိကြောင်း ဒူးရင်းသီး ရောင်းချသူကပြောသည်။
ဒီနှစ်က ဒူးရင်းသီးအထွက်နှုန်းနည်းသော်လည်း ဈေးကောင်းရရှိနေကြောင်း၊ ရေဖြူမြို့နယ်တွင် ယိုးဒယားမျိုးကိုင်းဆက် ဒူးရင်းသီးကို စိုက်ပျိုးသူများပြီး ပဲခူး၊ ရေး၊ မော်လမြိုင်မြို့များသို့ တင်ပို့ရကြောင်း၊ ၎င်းအပြင် မြို့နယ်များအတွင်းရှိ စျေးများ၊ ရပ်ကွက်များနှင့် ရေး-ထားဝယ် ကားလမ်းမတစ်လျှောက်တွင်လည်း ရောင်းချလျက်ရှိသည့်အပြင် ကားဖြင့်လည်း လှည့်လည်ရောင်းချကြကြောင်းသိရသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment