ရွှေဘိုမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများအား တပ်မတော်နှင့် ကျန်းမာရေးဝန်ကြီးဌာနတို့မှ နယ်လှည့်အထူးဆေးကုသရေးအဖွဲ့မှ (အခမဲ့) ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ စတင်ဆောင်ရွက်​ပေး - Myanmar National Post

Myanmar National Post

News Agency

Breaking

ရွှေဘိုမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများအား တပ်မတော်နှင့် ကျန်းမာရေးဝန်ကြီးဌာနတို့မှ နယ်လှည့်အထူးဆေးကုသရေးအဖွဲ့မှ (အခမဲ့) ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ စတင်ဆောင်ရွက်​ပေး



MNP ၊ မေ  ၁၈

စစ်ကိုင်းတိုင်းဒေသကြီး၊​ ရွှေဘိုခရိုင်၊​ ရွှေဘိုမြို့အတွင်း ရောက်ရှိနေသော တပ်မတော်နှင့် ကျန်းမာ​ရေးဝန်ကြီးဌာနတို့မှ နယ်လှည့်အထူးဆေးကုသရေးအဖွဲ့သည် ယမန်နေ့နံနက်ပိုင်းမှ စတင်ကာ ရွှေဘိုမြို့တော်ခန်းမ၌အခြေပြု၍ မြို့​ပေါ်ရပ်ကွက်နှင့် ပတ်ဝန်းကျင်ကျေးရွာများမှ ဒေသခံပြည်သူ စုစုပေါင်း (၆၃၀) ဦးကို ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့​ကြောင်း သိရသည်။


ထိုသို့ဆောင်ရွက်ပေးရာတွင် ဆေးကုသမှုဆိုင်ရာ ရောဂါ ၂၇၅ ဦး၊ ခွဲစိတ်ကုသမှုဆိုင်ရာရောဂါ ၃၆ ဦး၊ ကလေးရောဂါ ၃၀ ဦး၊ သားဖွားမီးယပ်ရောဂါ ၂၅ ဦး၊ အရိုးရောဂါ ၅၉ ဦး၊ နား၊ နှာခေါင်း၊ လည်ချောင်းရောဂါ ၁၉ ဦး၊ မျက်စိရောဂါ ၁၄၇ ဦး၊ သွားရောဂါ ၃၉ ဦး တို့ကို ဆေးဝါးကုသ ဆောင်ရွက်ပေးခဲ့ပြီး ၎င်းတို့ထဲမှ သာမန်ခွဲစိတ်လူနာ ၄ ဦး၊ မျက်စိခွဲစိတ်လူနာ ၉ ဦးတို့ကို ရွေ့လျား ခွဲစိတ်ယာဉ်ဖြင့် ခွဲစိတ်ကုသမှုများ ဆောင်ရွက်ပေးသည်။ ထို့ပြင် ဓာတ်မှန်ရိုက်လူနာ ၅ ဦး၊ UItr-asound ဖြင့် စမ်းသပ်စစ်ဆေးလူနာ ၃၂ ဦး၊ ECGစက်ဖြင့် နှလုံးစမ်းသပ်လူနာ ၄၆ ဦး၊ ဓာတ်ခွဲစမ်းသပ်လူနာ ၆၅ ဦးတို့က​ ရောဂါရှာဖွေစမ်းသပ်စစ်ဆေးပေးခြင်းများ ဆောင်ရွက် ပေးခဲ့သည်။ ၎င်းအပြင် နယ်လှည့်အထူးဆေးကုသရေးအဖွဲ့က ဒေသခံပြည်သူများအား သွေးတိုးရောဂါနှင့် ဆီးချို၊ သွေးချိုရောဂါများအကြောင်း ကျန်းမာရေးအသိပညာပေး ဟောပြောဆွေးနွေးခြင်းများ ဆောင်ရွက်ပေးပြီး ဆေးကုသမှုခံယူနေသည့် ဒေသခံပြည်သူများ စားသောက်ရေး အဆင်ပြေစေရန်အတွက် တာဝန်ရှိသူများက နေ့လည်စာဖြင့် ဧည့်ခံကျွေးမွေးကြောင်း သိရသည်။


ယင်းသို့ ဆောင်ရွက်ပေးနေမှုများကို အမှတ်(၅) စစ်နယ်​မြေအုပ်ချုပ်​ရေးမှူး၊​ရွှေဘိုတပ်နယ်မှူး ဗိုလ်မှူးကြီး​အောင်​အောင်နှင့် တာဝန်ရှိသူများ ခရိုင်စီမံအုပ်ချုပ်​ရေးအဖွဲ့ဝင်များ၊ မြို့နယ် စီမံအုပ်ချုပ်​ရေးအဖွဲ့ဥက္ကဋ္ဌ ဦး​ဇော်မျိုးဝင်းနှင့် တာဝန်ရှိသူများက လာရောက်ကြည့်ရှုအားပေးပြီး လိုအပ်သည်များကို ညှိနိူင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။


 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)