တပ်ကုန်းမြို့၌ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်ရွက်သည့် နွေစပါးစီမံကိန်းဧက ၁၉၆၀ ဆောင်ရွက်ထားရှိမှုနှင့် ပြန်လည်ကောက်ယူရေး ညှိနှိုင်းအစည်းအဝေး ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တပ်ကုန်းမြို့၌ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်ရွက်သည့် နွေစပါးစီမံကိန်းဧက ၁၉၆၀ ဆောင်ရွက်ထားရှိမှုနှင့် ပြန်လည်ကောက်ယူရေး ညှိနှိုင်းအစည်းအဝေး ကျင်းပ


MNP ၊ မေ  ၁၈

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ်တွင် နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် ဆောင်ရွက်သည့် နွေစပါးစီမံကိန်း ဧက ၁၉၆၀ ဆောင်ရွက်ထားရှိမှုနှင့် ပြန်လည်ကောက်ယူရေး ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းက မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနတွင် ကျင်းပသည်။


အဆိုပါအစည်းအဝေးသို့  ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်စိုက်ပျိုးရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးဝင်းထိန်၊ နေပြည်တော်လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှ ​ညွှန်ကြားရေးမှူး ဦးတင်ထူး၊ နေပြည်တော်စက်မှုလယ်ယာဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးနိုင်ဦး၊ နေပြည်တော်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါက်တာစံထွန်းဝေနှင့် ခရိုင်စိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီညီထွေးနှင့် ဌာနဆိုင်ရာများ၊ ဆန်စက်လုပ်ငန်းရှင်များ စိုက်ပျိုးရေးကွင်းဝန်ထမ်းများ တက်ရောက်ခဲ့သည်။


အစည်းအဝေးတွင် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်စိုက်ပျိုးရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးက အဖွင့်အမှာစကားပြောကြားပြီးနောက် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးထွန်းညွန့်က နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် ဆောင်ရွက်သည့် နွေစပါးစီမံကိန်းဧက ၁၉၆၀ နှင့်ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့ရာ နေပြည်တော်စိုက်ပျိုးရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးက လိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေးပေးခဲ့သည်။ ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် ဆန်စက်လုပ်ငန်းရှင်များ၊ စိုက်ပျိုးရေးကွင်းဝန်ထမ်းများက အထွေထွေလုပ်ငန်းများ ဆက်လက် ဆွေးနွေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။


တင်စိုးလွင်

 https://t.me/MyanmarNationalPost







No comments:

Post a Comment