ငပုတောမြို့၊ ငရုတ်ကောင်းမြို့၊ ဟိုင်းကြီးကျွန်းမြို့နှင့် လပ္ပတ္တာမြို့တို့ရှိ မုန်တိုင်းသင့် ပြည်သူများအား ထောက်ပံ့ရေးပစ္စည်းများနှင့် ထောက်ပံ့ငွေများပေးအပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ငပုတောမြို့၊ ငရုတ်ကောင်းမြို့၊ ဟိုင်းကြီးကျွန်းမြို့နှင့် လပ္ပတ္တာမြို့တို့ရှိ မုန်တိုင်းသင့် ပြည်သူများအား ထောက်ပံ့ရေးပစ္စည်းများနှင့် ထောက်ပံ့ငွေများပေးအပ်


MNP ၊ မေ ၁၆

ဧရာဝတီတိုင်းဒေသကြီးအတွင်း လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ်များ ပြိုကျပျက်စီးခဲ့သည့် ငပုတောမြို့၊ ငရုတ်ကောင်းမြို့နှင့် ဟိုင်းကြီးကျွန်းမြို့များအတွင်းရှိ မုန်တိုင်းသင့်ပြည်သူများကို အိမ်မိုးသွပ်များ၊ သွပ်သံများ၊ ထောက်ပံ့ပစ္စည်းများနှင့် ထောက်ပံ့ငွေများ ပေးအပ်ခြင်းကို ယနေ့နေ့လယ်ပိုင်းတွင် ငပုတောမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၌ ပြုလုပ်ရာ အနောက်တောင်တိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ်ကြည်ခိုင်နှင့် တာဝန်ရှိသူများ၊ ခရိုင်/မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ခရိုင်သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှု ကော်မတီအတွင်းရေးမှူး၊ မြို့နယ်ဆင့် ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် မုန်တိုင်းသင့်ပြည်သူများ တက်ရောက်ကြသည်။


ဦးစွာ တိုင်းမှူးက အားပေးစကားပြောကြားသည်။ ထို့နောက် တိုင်းမှူးနှင့် တာဝန်ရှိသူများက  မုန်တိုင်းသင့်ပြည်သူများအား အိမ်မိုးသွပ်များ၊ သွပ်သံများ၊ ထောက်ပံ့ပစ္စည်းများနှင့် ထောက်ပံ့ငွေများပေးအပ်ကြပြီး မုန်တိုင်းသင့် ပြည်သူများအား လိုက်လံနှုတ်ဆက်ကာ လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးသည်။


အလားတူ တိုင်းစစ်ဌာနချုပ်မှ တာဝန်ရှိသူများက ဖျာပုံမြို့နယ်၊ မြောင်းမြမြို့နယ်နှင့် မော်လမြိုင်ကျွန်းမြို့နယ်များသို့ သွားရောက်၍ မုန်တိုင်းတိုက်ခတ်မှုကြောင့် အမိုးပျက်စီးမှုများ ဖြစ်ပေါ်ခဲ့သည့် စာသင်ကျောင်းများနှင့် ဘုန်းတော်ကြီး ကျောင်းများအား အမိုးသွပ်များ၊ ခေါင်အုပ်သွပ်ပြားများ၊ သစ်များနှင့်သွပ်သံများ လှူဒါန်းခဲ့သည်။ ထို့နောက်နယ်မြေခံတပ်မတော်သားများက ဌာနဆိုင်ရာဝန်ထမ်းများနှင့် ပူးပေါင်း၍ သွပ်အမိုးများလဲပေးခြင်းနှင့် သန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ပြီး ထောက်ပံ့ပစ္စည်းများနှင့် ထောက်ပံ့ငွေများပေးအပ်ကာ လိုအပ်သည်များ ဆောင်ရွက်ပေးခဲ့သည်။ ထို့ပြင် လပ္ပတ္တာမြို့ပေါ်ရှိ ရပ်ကွက် ၁၀ ရပ်ကွက်နှင့် အနီးပတ်ဝန်းကျင်ရှိ ကျေးရွာများမှ မုန်တိုင်းသင့်ပြည်သူများအား ၎င်းတို့၏နေရပ်သို့ ပြန်လည်ပို့ဆောင်ပေးရာတွင် နယ်မြေခံတပ်မတော်သားများက လိုအပ်သော ကူညီစောင့်ရှောက်မှုများ ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။ 


#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)