မန္တလေးခရိုင် လူထုအခြေပြုဗဟိုဌာနတွင် လူကုန်ကူးမှုအန္တရာယ်တားဆီးကာကွယ်ရေး အသိပညာပေးဟောပြော - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မန္တလေးခရိုင် လူထုအခြေပြုဗဟိုဌာနတွင် လူကုန်ကူးမှုအန္တရာယ်တားဆီးကာကွယ်ရေး အသိပညာပေးဟောပြော





MNP ၊ မေ  ၁၆

မန္တလေးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့‌ဆက်ဆံရေးဦးစီးဌာနနှင့် ပြည်ကြီးတံခွန်မြို့နယ် အမျိုးသမီးရေးရာအဖွဲ့တို့ ပူးပေါင်း၍ လူကုန်ကူးမှုအန္တရာယ်တားဆီးကာကွယ်ရေး အသိပညာပေးဟောပြောပွဲကို ယမန်နေ့ညနေ(၃)နာရီက လူထုအခြေပြုဗဟိုဌာန သင်တန်းခန်းမ၌ ကျင်းပ ပြုလုပ်ခဲ့သည်။


ရှေးဦးစွာ မန္တလေးခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မြင့်မြင့်သန်းက မိမိတို့အမျိုး သမီးထုကြီး၏ လူမှုဘဝဖွံ့ဖြိုးတိုးတက်စေရန်၊ အရွယ်မရွေးကြုံတွေ့ရနိုင်သောလူကုန်ကူးခံရမှု အန္တရာယ်များကို သိရှိထားရန်၊ရပ်ရွာအတွင်း ဗဟုသုတများမျှဝေနိုင်စေရန်၊ အမျိုးသမီးဘဝကာကွယ်မြှင့်တင်စောင့်ရှောက်နိုင်ရန်၊ သတင်းမှားအချက် အလက်များကိုရှောင်ရှားနိုင်စေရန် အစရှိသည့်ရည်ရွယ်ချက်များဖြင့် အသိပညာပေးဟောပြောပွဲ များ ကျင်းပရခြင်းဖြစ်ကြောင်း ရှင်းလင်းဆွေးနွေးသည်။


ထို့နောက် ပြည်ကြီးတံခွန်မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်မိုးမိုးစိန်က လူကုန်ကူးမှုဆိုသည်မှာ၊ လူကုန်ကူးမှုအစ၊လူကုန်ကူးမှုအမျိုးမျိုး၊ အမျိုးသမီးငယ်၊ ရွယ်များတွင်တွေ့ကြုံရသော လူကုန်ကူးခံရသည့် အခြေအနေများ၊ လူကုန်ကူးမည့်သူများက မက်လုံးပေးစည်းရုံးသည့် သတင်းမှားအချက်အလက်များ၊ ချစ်သူရည်းစား၊ ဆွေမျိုးသားချင်းများက လူကုန်ကူးသည့် အနေအထားများ၊လမ်းခရီး၌ ကြုံတွေ့ရသည့် ဒုက္ခများ၊ အထူးသဖြင့် အသိပညာဗဟုသုတနည်းပါးက လိမ်လည်လှည့်ဖျား၍ လူကုန်ကူးခံရသည့်အနေအထားများ၊ လူကုန်ကူးမှုပြသာနာကို အစိုးရနှင့် ဌာနဆိုင်ရာများ၊ အရပ်ဖက်အဖွဲ့အစည်းများ၊သတင်းမီဒီယာများက ကျယ်ကျယ်ပြန့်ပြန့် အသိပညာပေးနေသော်လည်း အမျိုးသမီးအချို့၏ စူးစမ်းလေ့လာမှုအားနည်းခြင်း၊ လောဘ၏ သားကောင်ဖြစ်ခြင်း၊အယုံလွယ်ခြင်း အစရှိသည့်အခြေအနေများမှရုန်းထွက်ကာ မိမိ၏ပင်ကိုယ် အသိစိတ်၊ ဉာဏ်စွမ်းတို့ဖြင့် တွန်းလှန်ကာကွယ်သင့်ပါကြောင်းတို့ကို ဟောပြောဆွေးနွေးခဲ့ သည်။


 https://t.me/MyanmarNationalPost














No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)