နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးတင်ဦးလွင် နေပြည်တော်အတွင်း လေပြင်းတိုက်ခတ်မှုကြောင့် ပျက်စီးဆုံးရှုံးခဲ့သည့် နေရာများအား ကွင်းဆင်းကြည့်ရှုပြီး လယ်ဝေးမြို့နယ်၊ ကန်သာကျေးရွာအုပ်စု၊ အောင်မြင်ကုန်းကျေးရွာနှင့် တံတားဦးကျေးရွာများ ပြန်လည်ထူထောင်ရေး လုပ်ငန်းညှိနှိုင်း - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးတင်ဦးလွင် နေပြည်တော်အတွင်း လေပြင်းတိုက်ခတ်မှုကြောင့် ပျက်စီးဆုံးရှုံးခဲ့သည့် နေရာများအား ကွင်းဆင်းကြည့်ရှုပြီး လယ်ဝေးမြို့နယ်၊ ကန်သာကျေးရွာအုပ်စု၊ အောင်မြင်ကုန်းကျေးရွာနှင့် တံတားဦးကျေးရွာများ ပြန်လည်ထူထောင်ရေး လုပ်ငန်းညှိနှိုင်း





MNP ၊ မေ  ၁၆

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးတင်ဦးလွင်သည် နေပြည်တော်ကောင်စီအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများလိုက်ပါလျက်  မေလ ၁၄ ရက် မွန်းလွဲပိုင်းက လေပြင်းတိုက်ခတ်မှုကြောင့် နေပြည်တော်အတွင်းရှိ မြို့နယ်များမှ ဘုန်းတော်ကြီးကျောင်းများ၊ စာသင်ကျောင်းများ အမိုးလန်ပျက်စီးကာ သစ်ပင်၊ သစ်ကိုင်းများကျိုးကျပြီး ဓာတ်တိုင်များ ပြိုလဲပျက်စီးမှုများဖြစ်ပွားခဲ့ပြီး ဖြစ်ပွားရာနေရာများသို့ ယမန်နေ့နံနက်ပိုင်းက ကွင်းဆင်းကြည့်ရှုခဲ့သည်။


ရှေးဦးစွာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးတင်ဦးလွင်နှင့်တာဝန်ရှိသူများသည် နေပြည်တော် ပြည်သူ့ဆေးရုံကြီး ခုတင် ၁၀၀၀ သို့ သွားရောက်၍ လေပြင်း တိုက်ခတ်မှုကြောင့် ဓာတ်တိုင်လဲကျ၍ ပြန်လည်ပြင်ဆင် ဆောင်ရွက်ပြီးစီးမှု အခြေအနေကို ကြည့်ရှုစစ်ဆေးသည်။


ထို့နောက် အစည်းအဝေးခန်းမတွင် ဆေးရုံမှကျန်းမာရေးဝန်ထမ်းများနှင့် တွေ့ဆုံစဉ် ဆေးရုံအုပ်ကြီး ပါမောက္ခဒေါက်တာရဲမြင့်က သဘာဝဘေးအန္တရာယ်နှင့် ပတ်သက်၍ ဆောင်ရွက်ထားရှိမှု အခြေအနေနှင့် ဆေးကုသမှုလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေများကို ရှင်းလင်းတင်ပြရာ နေပြည်တော် ကောင်စီဥက္ကဋ္ဌက ကျန်းမာရေးအသိပညာပေးဌာနများနှင့် ပူးပေါင်းဆောင်ရွက်ရန်၊ အစားအသောက်များနှင့်ပတ်သက်၍ သန့်ရှင်းသည့် အစားအသောက်များ ဖြစ်စေရေး စစ်ဆေးရန်နှင့် လိုအပ်သည်များကို မှာကြားသည်။


ဆက်လက်၍ နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများသည် ဒက္ခိဏသီရိမြို့နယ်၊ မဲဒီးကျေးရွာသို့ သွားရောက်၍ လေပြင်းတိုက်ခတ်မှုကြောင့် အမိုးလန်ပျက်စီးခဲ့သည့် အခြေခံပညာမူလတန်းကျောင်းအား ကြည့်ရှုစစ်ဆေးပြီး ကျောင်းအပ်နှံရေး ရက်သတ္တပတ်အမီ အမြန်ပြန်လည် ပြီးစီးအောင်ဆောင်ရွက် နိုင်ရေး တာဝန်ရှိသူများအား မှာကြားသည်။


ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများသည် ပျဉ်းမနားမြို့နယ်၊ တောင်သာကျေးရွာတွင် လေပြင်းတိုက်ခတ်ပြီး သစ်ပင်လဲကျမှုကြောင့် ထိခိုက်ခဲ့သည့် ထရန်စဖော်မာတစ်လုံးနှင့် ဓာတ်တိုင်များလဲကျမှုများအား မြို့နယ်လျှပ်စစ်မှ တာဝန်ရှိသူများက အသစ်တစ်လုံး လဲလှယ်တပ်ဆင်နေမှုနှင့် သစ်ပင်သစ်ကိုင်းများ ရှင်းလင်းနေမှုကို ကြည့်ရှုစစ်ဆေးရာ မြို့နယ်လျှပ်စစ်အင်ဂျင်နီယာ ဦးသက်ထွန်းကျော်မှ လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများအား ရှင်းလင်းတင်ပြရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌမှ လိုအပ်သည်များမှာကြားခဲ့သည်။


ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများသည် ဇေယျာသီရိမြို့နယ်၊ အောင်ဇေယျရပ်ကွက်ရှိ လေပြင်းတိုက်ခတ်မှုကြောင့် သစ်ပင်လဲပြီး အမိုးလန်ပျက်စီးခဲ့သည့် အခြေခံပညာအထက်တန်းကျောင်း(ခွဲ) ကျောင်းဆောင်အား သွားရောက်ကြည့်ရှုစစ်ဆေးကာ တာဝန်ရှိသူများအား လိုအပ်သည်များ မှာကြားပြီး ရေဆင်းကျေးရွာအုပ်စု၊ ရေဆင်းကျေးရွာ၊ ရေဆင်းရေလှောင်တမံအား ကြည့်ရှုစစ်ဆေးပြီး ရှင်းလင်းဆောင်တွင် မိုးရွာသွန်းမှုအခြေအနေနှင့် ရေဆင်းဆည်အတွင်း ရေဝင်ရောက်မှု အခြေအနေအား ကြည့်ရှုစစ်ဆေးရာ နေပြည်တော် ဆည်မြောင်းနှင့်ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးခင်ဇော်က မိုးရွာသွန်းမှု အ‌ခြေအနေများ၊ ဆည်အတွင်းရေဝင်ရောက်မှုအခြေအနေနှင့် သဘာဝဘေးအန္တရာယ် ကျရောက်လာပါက အရေးပေါ်ကြိုတင်ပြင်ဆင် ဆောင်ရွက်မည့် အစီအမံများအား ရှင်းလင်းတင်ပြသည်။


ထိုမှတဆင့် နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများသည် ဥတ္တရသီရိမြို့နယ် ချောင်းမကြီး ရေလှောင်တမံသို့ရောက်ရှိပြီး ရေဝင်ရောက်မှု အခြေအနေနှင့် ရေဖြန့်ဝေပေးနေမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးရာ ဆောင်ရွက်နေမှုအခြေများအား တာဝန်ရှိသူများက ရှင်းလင်းတင်ပြသည်။


ဆက်လက်၍ မွန်းလွဲပိုင်းတွင် နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများသည် ပျဉ်းမနားမြို့၊ မေတ္တာကန် သဲနှုန်းများတူးဖော်ရေး လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးရာ နေပြည်တော်ဆည်မြောင်းနှင့်ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာန တည်ဆောက်ရေး (၅)မှ ညွှန်ကြားရေးမှူး ဦးကိုကိုနိုင်က  မေတ္တာကန်အတွင်း လုပ်ငန်းဆောင်ရွက်နေမှုကို ရှင်းလင်းတင်ပြရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌက လိုအပ်များကိုမှာကြားသည်။


ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးတင်ဦးလွင်သည် ညနေ ၄ နာရီတွင် နေပြည်တော်ကောင်စီရုံး အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်သည့် လယ်ဝေးမြို့နယ်၊ ကန်သာကျေးရွာအုပ်စု၊ အောင်မြင်ကုန်းကျေးရွာနှင့် တံတားဦးကျေးရွာများ ပြန်လည်ထူထောင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေး တက်ရောက်ပြီး အမှာစကားပြောကြားသည်။


ထို့နောက် နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးမြင့်စိုး၊ နေပြည်တော် စည်ပင်သာယာရေးကော်မတီ ဒုတိယမြို့တော်ဝန်ဦးမောင်မောင်၊ ပြည်ထောင်စုဝန်ကြီးဌာန များမှ အမြဲတမ်းအတွင်းဝန်များနှင့် တက်ရောက်လာကြသူများက အောင်မြင်ကုန်းကျေးရွာနှင့် တံတားဦးကျေးရွာများ ပြန်လည်ထူထောင်ရေး လုပ်ငန်းများနှင့် ပတ်သက်၍ သက်ဆိုင်ရာကဏ္ဍအလိုက် ရှင်းလင်းတင်ပြကြပြီး  နေပြည်တော်ကောင်စီအဖွဲ့ဝင် ဗိုလ်မှူးကြီး မင်းနောင်က ဖြည့်စွက်ဆွေးနွေးတင်ပြရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးတင်ဦးလွင်က တင်ပြချက်များနှင့်စပ်လျဉ်း၍ လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက် ပေးခဲ့ကြောင်းသိရသည်။


ထွန်းထွန်းဝင်း

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)