မြေပုံမြို့နယ်အတွင်း “မိုခါ” မုန်တိုင်းတိုက်ခတ်မှုကြောင့် အဆောက်အဦးနှင့် လူနေအိမ်များထိခိုက်ပျက်စီးဆုံးရှုံးမှုများဖြစ်ပွား - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မြေပုံမြို့နယ်အတွင်း “မိုခါ” မုန်တိုင်းတိုက်ခတ်မှုကြောင့် အဆောက်အဦးနှင့် လူနေအိမ်များထိခိုက်ပျက်စီးဆုံးရှုံးမှုများဖြစ်ပွား





MNP ၊ မေ  ၁၆

ရခိုင်ပြည်နယ်၊  မြောက်ဦးခရိုင်၊  မြေပုံမြို့နယ်၌  ယမန်နေ့ နံနက်ပိုင်းမှစတင်၍ အင်အားပြင်း “မိုခါ” မုန်တိုင်းတိုက်ခတ်မှုကြောင်း  အ ဆောက်အဦးများနှင့်လူနေအိမ်များ ထိခိုက်ပျက်စီးဆုံးရှုံးမှုများဖြစ်ပွားခဲ့ကြောင်းသိရသည်။


အဆိုပါမုန်တိုင်းတိုက်ခတ်မှုကြောင်း မြေပုံမြို့နယ်အတွင်းရှိ ဌာနဆိုင်ရာ (၂၂)ဌာနတွင် အုတ်နံရံပြို၊ ခေါင်မိုးပြိုကျ/အမိုးလန်၊ မျက်နှာကျက်ပြိုကျ၊ ပြတင်းတံခါးများပျက်စီးခြင်း၊ ခြံစည်းရိုးပျက်စီးခြင်း၊ ခြံစည်းရိုးတံခါးပျက်စီးမှုများ၊ လှိုင်းကာကျောက်တန်းပျက်စီးမှုများ၊ မီးတိုင်ကျိုးကျပျက်စီးမှုများ၊ မီးကြိုးပျက်စီးမှုများဖြစ်ပေါ်ခဲ့ပြီး ကျေးရွာအုပ် စု(၂၂)အုပ်စုနှင့် ကျေးရွာ(၄၁)ရွာတို့တွင် လုံးဝပျက်စီး နေအိမ်(၄၀၀)လုံး၊ တစ်စိတ်တစ်ပိုင်းပျက်စီး နေအိမ်(၁၇၅၈)လုံးစာသင်ကျောင်း(၃၀)ကျောင်းနှင့် ဘုန်းကြီးကျောင်း(၂၀)ကျောင်း၊ သာသနိကအဆောက် အဦး(၆)ခု၊အခြား(၁၉)ခု၊ ဆည်(၂)ခုနှင့် ငါးကန်/ပုဇွန်ကန်(၁၂)ကန် ပျက်စီးဆုံးရှုံးခဲ့ကြောင်း မြို့နယ်သဘာဝဘေးစီမံခန့်ခွဲရေးကော်မတီထံမှ သိရသည်။


တင်ဝင်း

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)