MNP ၊ မေ ၂၂
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြေပုံမြို့နယ်၌ ဗိုလ်မှူးချုပ် ကျော်ကျော်စိုး ဦးဆောင်သော သဘာဝဘေး ပြန်လည်ထူထောင်ရေးကော်မတီဝင်တို့က ယနေ့နံနက် (၉)နာရီခွဲအချိန်တွင် မြေပုံ မြို့ မြို့ပေါ်၌ လေဘေးခိုလှုံရာစခန်းဖွင့်လှစ်ခဲ့သည့် ပညာဗိမာန်ရိပ်သာကျောင်းနှင့် အ.ထ.က(မြေပုံ) ကျောင်း၌ “ကျောင်းနှင့်ဝန်းကျင်သန့်ရှင်းရေး” စုပေါင်းဆောင်ရွက်ခြင်းသို့ သွားရောက်သည်။
နိုင်ငံတော်အကြီးအကဲများ၏ လမ်းညွှန်ချက်များအား အကောင်အထည်ဖော်ဆောင်ရွက်ရန် ဗိုလ်မှူးချုပ် ကျော်ကျော်စိုး ဦးဆောင်၍ နယ်မြေခံတပ်နယ်မှ ဗျူဟာမှူး ဗိုလ်မှူးကြီး ထွဋ်ခေါင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခိုင်လင်းနိုင်နှင့်အဖွဲ့ဝင်များ သဘာဝဘေးပြန်လည်ထူထောင်ရေး ကော်မတီဝင်တို့က မြေပုံမြို့၊ သဲတန်းရပ်ကွက်ရှိ လေဘေးခိုလှုံရာစခန်းဖွင့်လှစ်ခဲ့သည့် ပညာဗိမာန် ရိပ်သာကျောင်းသို့ သွားရောက်ပြီး ကျောင်းထိုင်ဆရာတော်ကြီး ဦးပညာဘောဂအား ဖူးမျှော်ကာ ဆရာတော်ကြီးအား ဆန်၊ ဆီ၊ ခေါက်ဆွဲခြောက်များ လှူဒါန်းပြီး ဆရာတော်ကြီးထံမှ ဩဝါဒခံယူသည်။
ထို့နောက် အခြေခံပညာကျောင်းများ ကျောင်းဖွင့်ရာသီ အချိန်နှင့်တပြေးညီ ဖွင့်လှစ်သင်ကြားနိုင်ရေးအတွက် နယ်မြေခံတပ်နယ်မှ တပ်မတော်သားများ၊ ရဲတပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် ရပ်ကွက်နေပြည်သူများ ပူးပေါင်း၍ အထက(မြေပုံ)၌ “ကျောင်းနှင့်ဝန်းကျင်သန့်ရှင်းရေး” စုပေါင်းဆောင်ရွက်နေမှုသို့ သွားရောက်ကြည့်ရှုကာ တာဝန်ခံအကြီးအကဲများအား “သရုပ်ပြသန့်ရှင်းရေး ဆောင်ရွက်ခြင်း မဟုတ်ဘဲ ထိထိရောက်ရောက် ပြီးစီးအောင်ဆောင်ရွက်ကြရန်၊ မိမိဒေသအတွင်းမှ အခြေခံပညာကျောင်းများ သတ်မှတ်ကျောင်းဖွင့်ရာသီအချိန်မီ ကျောင်းဖွင့်လှစ်သင်ကြားနိုင်ရေးအတွက် စေတနာထားပြီး ပူးပေါင်းပါဝင်ဆောင်ရွက်ကြရန်” မှာကြားခဲ့ကြောင်း သိရသည်။
တင်ဝင်း
https://t.me/MyanmarNationalPost
No comments:
Post a Comment