EFI သင်တန်း၊ PLC သင်တန်းနှင့် Phone Advance သင်တန်းအမှတ်စဉ်(၁) သင်တန်းဖွင့်ပွဲနှင့် ဟိုတယ်ဝန်ဆောင်မှုဆိုင်ရာ သင်တန်းအမှတ်စဉ်(၁) သင်တန်း ဆင်းပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

EFI သင်တန်း၊ PLC သင်တန်းနှင့် Phone Advance သင်တန်းအမှတ်စဉ်(၁) သင်တန်းဖွင့်ပွဲနှင့် ဟိုတယ်ဝန်ဆောင်မှုဆိုင်ရာ သင်တန်းအမှတ်စဉ်(၁) သင်တန်း ဆင်းပွဲကျင်းပ


MNP ၊ မေ  ၂၂

နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ စက်မှုလက်မှုပညာသင်တန်းကျောင်း (အောင်ပန်း) EFIတန်း၊ PLC သင်တန်းနှင့် Phone Advance သင်တန်းအမှတ်စဉ်(၁) သင်တန်းဖွင့်ပွဲနှင့် ဟိုတယ်ဝန်ဆောင်မှုဆိုင်ရာ သင်တန်းအမှတ်စဉ်(၁) သင်တန်းဆင်းပွဲ ကို ယနေ့နံနက်(၈)နာရီက နယ်စပ်ဒေသ တိုင်းရင်းသားလူငယ်များ စက်မှုလက်မှုပညာသင်တန်းကျောင်း (အောင်ပန်း) သင်တန်းခန်းမ၌ ကျင်းပသည်။


အခမ်းအနားတွင် ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေးက နယ်စပ်ဒေသ တိုင်းရင်းသားလူငယ်များ စက်မှုလက်မှုပညာသင်တန်းကျောင်း (အောင်ပန်း)သည် ယခင်စက်မှုလက်မှု ဘာသာရပ်ဆိုင်ရာ သင်တန်း(၅)မျိုးအား သင်ကြားပို့ချပေးခဲ့ရာ ယခု ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်တွင် စက်မှုလက်မှု ဘာသာရပ်ဆိုင်ရာ သင်တန်း(၅)မျိုးအနက်မှ မော်တော်ယာဉ် စက်ပြင်သင်တန်းမှ ထူးချွန်သူများကို EFI(ELectronic Fuel Injection) သင်တန်းသို့ လည်းကောင်း ၊လျှပ်စစ်သင်တန်းမှ ထူးချွန်သူများကို PLC(Programable Logic Control) သင်တန်းသို့လည်းကောင်း၊ လက်ကိုင်းဖုန်းပြင်သက်တန်းမှ ထူးချွန်သူများကို Phone Advance သင်တန်းသို့လည်းကောင်း အလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုရရှိအောင် ယခုကဲ့သို့ အဆင့်မြင့်သင်တန်းများ ဖွင့်လှစ်ပေးခြင်းဖြစ်ပါကြောင်း၊ EFIသင်တန်းတွင် သင်တန်းသား(၁၅)ဦး၊ PLC သင်တန်းမှသင်တန်းသား(၁၂)ဦးနှင့် Phone Advance သင်တန်တွင် သင်တန်းသား(၈)ဦး စုစုပေါင်း(၃၅)ဦးဖြင့် သင်တန်းကာလ(၃)လကြာ သင်ကြားပေးသွားမည်ဖြစ်ကြောင်း၊ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်တွင် ဖွင့်လှစ်ခဲ့သော ဟိုတယ်ဝန်ဆောင်မှု ဆိုင်ရာသင်တန်းကို တက်ရောက် အောင်မြင်ခဲ့သော ဟိုတယ်သင်တန်းသား(၄၀)ဦးကို ယနေ့ သင်တန်းဆင်း ပေးမှာဖြစ်ပြီး ဟိုတယ်ဝန်ဆောင်မှုဆိုင်ရာ သင်တန်းသားများကို ၂၀၂၂ခုနှစ် နိုဝင်ဘာလ(၈)ရက်နေ့မှ ၂၀၂၃ ခုနှစ် ဖေဖေါ်ဝါရီလ(၁၀)ရက်နေ့အထိ သင်တန်းမှာ စာတွေ့ သင်ကြားပေးခဲ့ပြီး လက်တွေ့ကို သက်ဆိုင်ရာဟိုတယ်အသီးသီးတွင် လုပ်ငန်းခွင်သင်တန်း  On JOb Training - OJT ၃လ သွားရောက် လုပ်ကိုင်ခဲ့ကြသူများ ဖြစ်ကြောင်း ပြောကြားသည်။


ဆက်လက်၍ နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ စက်မှုလက်မှုပညာသင်တန်းကျောင်း တာဝန်ခံ ကျောင်းအုပ်ဦးခွန်စိုးစံမှ သင်တန်းနှင့်ပတ်သက်၍ စီစဉ်ဆောင်ရွက်ထားရှိမှုများ ရှင်းလင်းတင်ပြပြီး ဟိုတယ်ဝန်ဆောင်မှုဆိုင်ရာ သင်တန်းအမှတ်စဉ်(၁)တွင် အိပ်ခန်းဆောင် ထိန်းသိမ်းရေးဘာသာရပ် ထူးချွန် သင်တန်းသား မောင်ခွန်လှကီးနှင့် အစားအစာနှင့် အဖျော်ယမကာဘာသာရပ် ထူးချွန်သင်တန်းသား မောင်နေမျိုးထွန်းတို့ကို ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေးက ဆုများချီးမြှင့်ပေး၍လည်းကောင်း၊ ဟိုတယ်ဝန်ဆောင်မှုဆိုင်ရာ သင်တန်းအမှတ်စဉ်(၁)မှ သင်တန်းသားများအား သင်တန်းဆင်း အောင်လက်မှတ်များအား ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးစိန်ဝင်းက ပေးအပ်ရာ သင်တန်းသား(၂)ဦးမှ လက်ခံရယူပြီး ဟိုတယ်ဝန်ဆောင်မှုဆိုင်ရာ သင်တန်းသားများကိုယ်စား သင်တန်းသား မောင်စိုးဝင်းအောင်မှ ကျေးဇူးတင်စကား ပြန်လည်ပြောကြားကြောင်း သိရသည်။


ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဟိုတယ်ဝန်ဆောင်မှုဆိုင်ရာသင်တန်းတွင် သင်တန်းဆင်း သင်တန်းသားများမှ အစားအစာနှင့် အဖျော်ယမကာနှင့် အိပ်ခန်းဆောင်ထိန်းသိမ်းရေး လက်တွေ့သရုပ်ပြသနေမှုကို ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။


ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် အောင်ပန်းမြို့ရှိ အမှတ်(၂)တပ်မတော်ဆေးရုံ (ခုတင်၇၀၀) သို့ သွားရောက်၍ ဆေးကုသမှု ခံယူနေသော လူနာများအား သွားရောက်ကြည့်ရှုအားပေး၍  စားစရာနှင့် ထောက်ပံ့ပစ္စည်းများ ပေးအပ်ပြီး ဆေးရုံအတွက် ထောက်ပံ့ငွေများကို ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေးနှင့် ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်တို့ကပေးအပ်ရာ ဆေးရုံတာဝန်ရှိသူ များမှ လက်ခံရယူကြောင်း သိရသည်။


မောင်မောင်သန်း 

 https://t.me/MyanmarNationalPost




No comments:

Post a Comment