MNP ၊ မေ ၂၂
ရခိုင်ပြည်နယ် မာန်အောင်မြို့နယ်တွင် ဆိုင်ကလုန်းမုန်တိုင်းမိုခါ တိုက်ခတ်မှုကြောင့် ပျက်စီးခဲ့မှု များကို ပြန်လည် ထူထောင်ရေး လုပ်ငန်းများလုပ်ဆောင်ရန် ရောက်ရှိနေသော ဗိုလ်မှူးချုပ်ကျော်ကျော်ဦးသည် တာဝန်ရှိသူများလိုက်ပါလျက် ယနေ့ နံနက်၉နာရီခွဲက မြို့နယ်အတွင်း မုန်တိုင်းဒဏ်ကြောင့် ထိခိုက် ပျက်စီးခဲ့သည့် စာသင်ကျောင်းများအား ကွင်းဆင်း ကြည့်ရှုစစ်ဆေး
ခဲ့သည်။
ထိုသို့ ကွင်းဆင်း စစ်ဆေးဆောင်ရွက်ရာတွင် ဗိုလ်မှူးချုပ် ကျော်ကျော်ဦးနှင့်အတူ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းဇော်ဟိန်းနှင့်အဖွဲ့ဝင်များ၊မြို့မရဲစခန်းမှူး ဒုရဲမှူးစိုးထွန်းနိုင်၊ဒုတိယ မြို့နယ်ပညာရေးမှူး ဦးကျော်ကျော်နိုင်တို့ လိုက်ပါလျက် မုန်တိုင်းဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့သော မူလွန် မောင်းမကန်၊အ-မ-က မြေနီပြင်နှင့် မူလွန် ဒိုးတန်းကျောင်းများသို့ သွားရောက်၍ ထိခိုက် ပျက်စီးနေမှုအား ကြည့်ရှုစစ်ဆေးကြပြီး ရပ်မိ ရပ်ဖများ၊ကျောင်းအကျိုးတော်ဆောင်များ၊ဆရာ ဆရာမများနှင့် တွေ့ဆုံကာ ကျောင်းများအား ကျောင်ဖွင့်အမီ အမြန်ဆုံး ပြန်လည် ပြုပြင်နိုင်ရေး ညှိနှိုင်းဆွေးနွေးကြပြီး လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။
မာန်အောင်မြို့နယ်တွင် မုန်တိုင်းဒဏ်ကြောင့် ထိခိုက်ပျက်စီး စာသင်ကျောင်း စုစုပေါင်း(၄၃)ကျောင်းရှိကြောင်းသိရသည်။
ဦးသိန်းဖေ
https://t.me/MyanmarNationalPost
No comments:
Post a Comment