ဒလမြို့နယ်လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ စာဖတ်ဝိုင်းကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဒလမြို့နယ်လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ စာဖတ်ဝိုင်းကျင်းပ


MNP ၊ မေ  ၂၂

ရန်ကုန်တောင်ပိုင်းခရိုင်၊ ဒလမြို့နယ်လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ယနေ့ နေ့လယ်(၁၂)နာရီအချိန်က စာရေးဆရာသုတေသီဘုန်းမြင့်သွေးရေးသားသည့်  မရှိမဖြစ်ဇွဲစာအုပ်ဖြင့်စာဖတ်ဝိုင်း ပြုလုပ်ကျင်းပခဲ့သည်။


စာဖတ်ဝိုင်းတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဦးစီးအရာရှိဒေါ်သီတာဝင်းက စာဖတ်ဝိုင်းများကျင်းပရခြင်း၏ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားခဲ့သည်။ စာပေချစ်မြတ်နိုးသူများအသင်း(Women Club)အဖွဲ့ဝင်ဒေါ်လှလှရီက စာရေးဆရာသုတေသီဘုန်းမြင့်သွေးရေးသားသည့် မရှိမဖြစ်ဇွဲ စာအုပ်ထဲမှာပါသည့် ဇွဲနဲ့ယုံကြည်မှုသဘော၊ ဇွဲနှင့်ရည်မှန်းချက်ခေါင်းစဥ်များဖြင့် တက်ရောက်လာသော စာပေချစ်ဝါသနာရှင်များက အပြန်အလှန်ဆွေးနွေးခဲ့ကြောင်း သိရသည်။


ဒလမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ပြည်သူများအသိပညာဗဟုသုတတိုးပွားစေရန်နှင့် စာဖတ်ရှိန်မြှင့်မားလာစေရန်ရည်ရွယ်၍ ပြည်သူ့စာကြည့်တိုက် Online Page မှတစ်ဆင့်စာအုပ်မိတ်ဆက်ခြင်း၊ ပုံပြင်ပြောခြင်း၊ ကဗျာရွတ်ဆိုခြင်း၊ စာအုပ်များဌားရမ်းပေးခြင်း၊ (Talk Show)နှင့်စာဖတ်ဝိုင်းများ ဆောင်ရွက်ပေးခြင်းအပြင် သင်တန်းများ၊ ပြပွဲ၊ ပြိုင်ပွဲများကိုလည်း ကျင်းပပြုလုပ်ပေးလျက်ရှိသည်။


မြင့်ဇော်

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)