သုံးခွမြို့နယ်လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် စာပေချစ်သူများမှစာဖတ်ဝိုင်းပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

သုံးခွမြို့နယ်လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် စာပေချစ်သူများမှစာဖတ်ဝိုင်းပြုလုပ်


MNP ၊ မေ  ၂၂

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ သုံးခွမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန(Community Centre)ခန်းမ၌ နွေရာသီကျောင်းပိတ်ရက်တွင် ကျောင်းသား/သူလေးများ စာအုပ်စာပေများကို ချစ်မြတ်နိုးတတ်စေပြီး အချင်းချင်းစာပေနှီးနှောဖလှယ်တတ်စေရန်ရည်ရွယ်၍  ယနေ့နံနက်(၉)နာရီအချိန်က စာရေးဆရာအောင်သစ်ရေးသားသည့် "မိမိဘ၀ထူထောင်အောင်မြင်ရေး"စာအုပ်အား စာဖတ်ဝိုင်း ကျင်းပပြုလုပ်ခဲ့သည်။


အဆိုပါ စာဖတ်ဝိုင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးအရာရှိ‌ဒေါ်တင်တင်ထွေးက စာဖတ်ဝိုင်းပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားရာတွင် လူငယ်လူရွယ်များ၊ ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုသုတတိုးပွားစေရန်၊စာကြည့်တိုက်နှင့်ထိတွေ့မှုရရှိပြီး စာကြည့်တိုက်ရှိ သုတ၊ ရသစာပေများကို ဖတ်ရှုလေ့လာနိုင်စေရန်နှင့် အချင်းချင်းဝိုင်းဖွဲ့ဆွေးနွေးတတ်သည့် အလေ့အကျင့်ကောင်းများရရှိစေရန်အတွက် ယခုလိုစာဖတ်ဝိုင်းပြုလုပ်ပေးရခြင်း ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားခဲ့သည်။


ထို့နောက် စာဖတ်ဝိုင်းဆွေးနွေးပွဲကို ဆက်လက်ပြုလုပ်ခဲ့ရာ (Women club)အဖွဲ့၀င် ဒေါ်လှိုင်သူဇာက "တိကျသော ရည်ရွယ်ချက်" ခေါင်းစဉ်ဖြင့်ဆွေးနွေးရာတွင် လူတစ်ယောက်အဖို့ ဘ၀၏ အောင်မြင်မှုများ စတင်သောအချိန်သည် တိကျပြတ်သားသည့် ရည်ရွယ်ချက်တစ်ရပ်ကိုချမှတ်၍ ကြိုးစားလုပ်ဆောင်သူအတွက် ကြွယ်၀ချမ်းသာမှု၊ အောင်မြင်မှုနှင့် လှုပ်ရှားမှုတိုင်းအတွက် အလိုလိုအောင်မြင်မှုရရှိမှာဖြစ်ပါကြောင်းစသည်ဖြင့် ပြောကြားခဲ့သည်။‌


ထို့နောက်(youth Club)အဖွဲ့၀င် မောင်းလင်းထက်ကျော်က "စိတ်အားထက်သန်မှုရှိရန် မှန်တစ်ချပ်လိုသည်"ခေါင်းစဉ်ဖြင့် ဆွေးနွေးရာတွင် စိတ်အားထက်သန်ခြင်းသည် ခန္ဓာကိုယ်၏ မောပန်းနွမ်းနယ်မှုကို ပပျောက်စေ၍ ပျင်းရိမှုကိုကျော်လွှားနိုင်ပါကြောင်း၊ ပျင်းရိသောသူသည် စိတ်အားထက်သန်မှုမရှိပါကြောင်းစသည့် စာအုပ်ပါအကြောင်းအရာများကိုပြော ကြားခဲ့သည်။


ဆက်လက်၍ (Youth club)အဖွဲ့၀င် မ‌မေသက်မွန်က "စေ့ဆော်စိတ်"  ခေါင်းစဉ်ဖြင့် ဆွေး‌နွေးရာတွင် လူတစ်ဦးတစ်ယောက်၏ အောင်မြင်မှုနှင့် စိတ်ထက်သန်မှုတို့ နောက်ကွယ်တွင် စေ့ဆော်စိတ်သည် အရင်းခံအကြောင်းတရားတစ်ရပ်ဖြစ်ပါကြောင်း၊ လူတစ်‌ယောက်၏ အောင်မြင်ပျော်ရွှင်ရေးတွင် ရည်ရွယ်ချက်နှင့် စေ့ဆော်စိတ်မပါရှိဘဲ မည်သို့မျှဖြစ်ပေါ်မလာနိုင်ပါ‌ကြောင်းစသည့်  စာအုပ်ပါအကြောင်းအရာများကို ဝိုင်း၀န်းဆွေးနွေးခဲ့ကြပြီး မြို့နယ်ရုံးမှပြသထားသော နံရံကပ်စာစောင်များကိုစိတ်ပါ၀င်စားစွာ ကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။


စည်သူလင်း 

 https://t.me/MyanmarNationalPost




No comments:

Post a Comment