မြန်မာနိုင်ငံအတွက် ထိုင်းဝန်ကြီးချုပ်ဦးဆောင်ပြီး လူသားချင်းဆိုင်ရာ စာနာမှုအကူအညီများ ပေးအပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မြန်မာနိုင်ငံအတွက် ထိုင်းဝန်ကြီးချုပ်ဦးဆောင်ပြီး လူသားချင်းဆိုင်ရာ စာနာမှုအကူအညီများ ပေးအပ်






MNP ၊ မေ ၁၁

ထိုင်းအစိုးရသည် မိုခါမုန်တိုင်းဒဏ်ကို တွေ့ကြုံခံစားခဲ့ရသော မြန်မာပြည်သူများအတွက် ယနေ့ မေလ ၂၂ ရက်နေ့ နံနက်ပိုင်းတွင် လူသားချင်းဆိုင်ရာစာနာမှုအကူအညီများ ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

ထိုင်းအစိုးရရုံးတွင် ကျင်းပသော မြန်မာနိုင်ငံအတွက် လူသားချင်းစာနာမှုအကူအညီပေးအပ်လှူဒါန်းပွဲကို ထိုင်းဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာ၊ ထိုင်းနိုင်ငံခြားရေးဝန်ကြီးတို့ ဦးဆောင်တက်ရောက်ခဲ့ပြီး ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးချစ်ဆွေလည်း တက်ရောက်လက်ခံခဲ့ကြောင်း သိရသည်။

ထိုင်းဝန်ကြီးချုပ်က ” မြန်မာပြည်သူတွေ မိုခါမုန်တိုင်းဒဏ် တွေ့ကြုံခံစားရမှုတွေနဲ့ပတ်သက်ပြီး ထိုင်းအစိုးရနဲ့ ထိုင်းပြည်သူတွေက စိတ်မကောင်းဝမ်းနည်းရပါတယ်။ ထိုင်းနိုင်ငံဟာ မြန်မာနိုင်ငံရဲ့အိမ်နီးချင်းနိုင်ငံဖြစ်တဲ့အတွက် မြန်မာပြည်သူများကို လူသားချင်းဆိုင်ရာစာနာမှုအကူအညီများ ထပ်မံပေးနိုင်ဖို အဆင့်သင့်ရှိနေပါတယ်။” ဟု ပြောဆိုလိုက်သည်။

ထိုအပြင် မြန်မာနိုင်ငံဘက်မှ ဆန္ဒရှိမည်ဆိုလျှင် မြန်မာနိုင်ငံကို ကယ်ဆယ်ရေးအဖွဲ့များ စေလွှတ်မည်ဖြစ်ကြောင်း ထိုင်းဝန်ကြီးချုပ်က ပြောကြားခဲ့ကြောင်း သိရသည်။


#MyanmarNationalPost


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)