MNP ၊ မေ ၂၃
ရခိုင်ပြည်နယ်၊စစ်တွေခရိုင်၊ ရသေ့တောင်မြို့တွင်(မိုခါ)မုန်တိုင်းကြောင့် ပျက်စီးပြိုလဲသွားသော ဓာတ်အားလိုင်းများ၊ဓာတ်တိုင်များ နှင့် ထရန်စဖော်မာများကိုမန္တလေးလျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းမှဝန်ထမ်း(၆၀)ဦးဖြင့် လမ်းများအလိုက်ရှင်းလင်းဆောင်ရွက် ပြီးလျှပ်စစ်ဓာတ်အားများပုံမှန်ပြန်လည်ဖြန့်ဖြူးပေးနိုင်ရေးအတွက် တက်ညီလက်ညီဆောင်ရွက်လျှက်ရှိသည်။
ရသေ့တောင်မြို့တွင် မိုခါ မုန်တိုင်းမှာအားအလွန်ပြင်းသဖြင့်ထိခိုက်ပျက်စီးမှုများခဲ့သဖြင့် တစ်မြို့နယ်လုံးနီးပါးထိခိုက်ပျက်စီးခဲ့ရာလျှပ်စစ်ဓာတ်တိုင်များပြိုလဲခြင်း၊ထရန်စဖော်မာများပြိုပျက်ခြင်း၊ဓာတ်ကြိုးလိုင်းများပြုတ်ကျခြင်းသစ်ပင်များကျိုးကျ၍လမ်းများပိတ်ခြင်းများဖြစ်ခဲ့ရာမြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ကူညီကယ်ဆယ်ရေးအဖွဲ့များ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့များမှနေ့စဉ်လိုက်လံသိမ်းဆည်းခြင်း၊မီးရှို့ခြင်းများဆောင်ရွက်ခဲ့ကြကြောင်းသိရှိရပါသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment