MNP ၊ မေ ၂၆
ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့၌အလွန့်အလွန်အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်း(မိုခါ)တိုက်ခတ်မှုကြောင့် ပျက်စီး ဆုံးရှုံးမှုများဖြစ်ပေါ်ခဲ့သည့် မုန်တိုင်းဒဏ်သင့် ဒေသခံပြည်သူများ၏ စားသောက်ရေးအဆင်ပြေစေရေးအတွက် မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းမှ ယနေ့၊ ညနေပိုင်းက ရသေ့တောင်မြို့နယ်၊ ပြားချောင်းကြီးကျေးရွာအုပ်စု၊ ပြားချောင်းကြီးကျေးရွာ၊အလယ်ရွာချေကျေးရွာနှင့်ပြင်ခေါင်ကျေးရွာမျတွင် ဈေးနှုန်းချိုသာစွာဖြင့် ရောင်းချပေးခဲ့သည်။
ထိုသို့ရောင်းချရာတွင် ရသေ့တောင်မြို့နယ်စားသုံးသူရေးရာဦးစီးဌာနနှင့်ဆီလုပ်ငန်းရှင် များအသင်းမှ တာဝန်ရှိသူ ဦးထွန်းမြတို့က စားအုံးဆီများကို ပေါက်ဈေးထက် သက်သာသောဈေးနှုန်းနဲ့ စားအုံးဆီ(၁)ပိသာလျှင် ငါးထောင်ကျပ်နှုန်းဖြင့် ရောင်းချပေးခဲ့ရာ ဒေသခံပြည်သူများက တစ်ခဲ့နက်ဝယ်ယူခဲ့ကြပြီး၊ စားအုံးဆီပိသာ(၂၄၀)အား လာရောက်ရောင်းချပေးခဲ့ကြောင်း ဆီလုပ်ငန်းရှင် များအသင်းမှ ဦးထွန်းမြထံမှ သိရသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment