MNP ၊ မေ ၂၆
ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ရသေ့တောင်မြို့၌မိုခါမုန်တိုင်းမှာအားအလွန်ပြင်းသဖြင့်ထိခိုက်ပျက်စီးမှုများခဲ့ပြီး၊မုန်တိုင်းကြောင့်မြို့ပေါ်တွင်လည်းအပျက်အစီးများခဲ့ရာပဲခူးတိုင်းဒေသကြီးမီးသတ်တပ်မှဖွဲ့ရှာဖွယ်ကယ်ဆယ်ရေးအဖွဲ့များမှလမ်းအလိုက် သစ်ပင် သစ်ခတ်များခုတ်လှဲဖယ်ရှားခြင်းများဖြင့်ရှင်းလင်းဆောင်ရွက်ခဲ့ကြရာ ကျန်ရှိခဲ့သည့်အမှိုက်သရိုက်များအား မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ အမှုဆောင်အရာရှိ ဒေါ်မအေးသန်းဦးဆောင်၍ စည်ပင်ဝန်ထမ်းများမှ အမှိုက်များအားစနစ်တကျ ကားကြီးများဖြင့်ဖယ်ရှားဆောင်ရွက်ခဲ့ရာ ယနေ့နံနက်ပိုင်းက မြို့မ စျေးကြီးဝင်းအတွင်းသိမ်းဆည်းဆောင်ရွက်ခဲ့ကြသည်။
ရသေ့တောင်မြို့၌ မိုခါ မုန်တိုင်းမှာအားအလွန်ပြင်းပြီးထိခိုက်ပျက်စီးမှုများခဲ့သဖြင့် တစ်မြို့နယ်လုံးနီးပါးထိခိုက်ပျက်စီး
မှုများခဲ့ပြီး အမှိုက်သရိုက်များအား ရှင်းလင်းခြင်းကိုမြို့နယ် စည်ပင်မှဦးဆောင်၍နေ့စဥ်လိုက်လံသိမ်းဆည်းခြင်း၊အမှိုက်များအားစနစ်တကျ လိုက်လံသိမ်းဆည်းပြီး သတ်မှတ်အမှိုက်ပစ် နေရာများသို့ ပို့ဆောင်စွန့်ပစ်ခြင်း၊မီးရှို့ခြင်းများဆောင်ရွက်ခဲ့ကြကြောင်း တာဝန်ရှိသူများထံမှ သိရှိရပါသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment