MNP ၊ မေ ၂၆
မြောက်ဦးမြို့နယ် ပြန်လည်ထူထောင်ရေးလုပ်ငန်းတာဝန်ခံ ဗိုလ်ချုပ် သောင်းထိုက်ရွှေ ၊ ခရိုင်စီမံ အုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးကောင်းမြတ်နိုင် နှင့် တာဝန်ရှိ သူများသည် ဆိုင်ကလုန်းမုန်တိုင်း(မိုခါ) လေပြင်းတိုက်ခတ်မှုကြောင့် ထိခိုက်ပျက်စီးမှုစာရင်းများအား ပြန်လည်စီစစ် စာရင်းပြုစုခြင်း လုပ် ငန်း ဆောင်ရွက်နေသော မြေပြင်စာ ရင်းကောက်ယူရေးအဖွဲ့မှ ကောက်ယူထားရှိမှုအခြေအနေကို ယနေ့ နေ့လည်ပိုင်းအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ရုံးဟောင်း၊ အစည်းအဝေး ခန်းမ၌ စစ်ဆေးကြည့်ရှုခြင်းများဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မြောက်ဦးမြို့နယ်အတွင်းရှိ မုန်တိုင်းသင့်လူနေအိမ်များအား ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူး များက စာရင်းကောက်ယူ တင်ပြချက်များအပေါ် လိုအပ်သည့်အချက်အလက်များ ထပ်မံစီစစ် ဖြည့်သွင်းခြင်းများဆောင်ရွက်လျက်ရှိရာ မြောက်ဦးမြို့နယ် ပြန်လည်ထူထောင်ရေးလုပ်ငန်း တာဝန်ခံ ဗိုလ်ချုပ် သောင်းထိုက်ရွှေ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကောင်းမြတ်နိုင် နှင့် တာဝန်ရှိသူများသည် အချက်အလက်များ မှန်ကန်မှုရှိစေရေး လိုအပ်သည့်အချက်အလက်များ ထပ်မံစာရင်းကောက်ယူခြင်းဆောင်ရွက်ရာတွင် ပြည့်စုံမှုရှိစေရေးတို့အတွက် တာဝန်ရှိသူများအား ပေါင်းစပ် ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။
ထိုသို့ တာဝန်ရှိသူများမှ စစ်ဆေးဆောင်ရွက်ခဲ့ခြင်းကြောင့် နိုင်ငံတော်အနေဖြင့် ပျက်စီးဆုံး ရှုံးမှုစာရင်းများကို အနီးစပ်ဆုံး မှန်ကန်စွာ တွက်ချက်ထောက်ပံ့နိုင်သကဲ့သို့ မုန်တိုင်းသင့် ပြည်သူ များကိုလည်း ထိရောက်သော ကူညီပံ့ပိုးမှုများ ပြုလုပ်ပေးနိုင်မည်ဖြစ်ကြောင်း သိရသည်။
မြင့်စိုး
https://t.me/MyanmarNationalPost
No comments:
Post a Comment