ကျိုက်ထိုမြို့နယ်တွင် (၂၀၂၃ )ခုနှစ်မိုးစပါးစိုက်ပျိုးစရိတ် ချေးငွေထုတ်ပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျိုက်ထိုမြို့နယ်တွင် (၂၀၂၃ )ခုနှစ်မိုးစပါးစိုက်ပျိုးစရိတ် ချေးငွေထုတ်ပေး






MNP ၊ မေ  ၁၈

     မွန်ပြည်နယ်၊ကျိုက်ထိုမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေး ဘဏ်ခွဲမှ (၂၀၂၃) ခုနှစ်မိုးစပါးစိုက်ပျိုးစရိတ် ချေးငွေကို တောင်သူများအားမေလ ၁၈ ရက်နေ့ နံနက် ၉ နာရီမှစတင်ကာထုတ်ချေးပေးခဲ့သည်။


    ယင်းသို့ထုတ်ချေးရာတွင်မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မန်နေဂျာဦးသန်းထွန်းက လာရောက်ထုတ်ချေးသည့်တောင် သူများအားကျိုက်ထိုမြို့နယ်အတွင်း ထုတ်ချေးရန်တောင်သူ(၁၄၀၀)ဦးဖြစ်ပြီး တစ်ဧကလျှင်ငွေကျပ်(၁၅၀၀၀၀)ကျပ်နှုန်းဖြင့်လယ်ဧက(၉၀၀၀)အတွက်ငွေကျပ်သိန်း (၁၃၅၀၀)ကျပ်လျာထားခြင်းဖြစ်‌၍အဆိုပါချေးငွေများအား (၂၀၂၄ ) ခုနှစ် ဧပြီလ (၃၀)ရက်နေ့တွင်ပြန်လည်ပေးဆပ်ရမှာဖြစ်ကြောင်းရှင်းလင်းပြောကြားခဲ့သည်။


    ယင်းနောက် ဘဏ်မန်နေဂျာဦးသန်းထွန်းနှင့်ဝန်ထမ်းများကစီစစ်၍ ယင်းနေ့တွင်ပင်တောင်သူ(၈)ဦးအား လယ်ဧက(၄၂)ဧကအတွက်စိုက်ပျိုးစရိတ်ချေးငွေ (၆၃၀၀.၀၀၀)ကျပ်အားထုတ်ချေးပေးခဲ့ကြောင်းသိရသည်။


ဝင်းမောင်

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)